နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ စီးပွားရေး မူဝါဒတွေဟာ ယေဘုယျအားဖြင့် စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြတဲ့အတွက် နောင်တက်လာမယ့် အစိုးရသစ်အနေနဲ့လည်း လက်ရှိ ဆောင်ရွက်နေတဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်မြင့် လုပ်ဆောင်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။ အစိုးရနဲ့ ဈေးကွက်အပေါ် လူထုရဲ့ ယုံကြည်မှု အပါအ၀င် အစိုးရသစ်နဲ့ အနာဂတ်စီးပွားရေး အလားအလာတွေအကြောင်း ဦးခင်မောင်ညိုနဲ့ ဆက်သွယ်မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
အစိုးရသစ်နဲ့ မြန်မာ့စီးပွားရေး အလားအလာ
