သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးနိုဘဲလ်ဆု ပြင်သစ်လူမျိုး ရရှိ


၂၀၁၄ ခု၊ စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုရှင် ပြင်သစ် စီးပွားရေးပညာရှင် Jean Tirole (ယွန် တီဟောလ်)
၂၀၁၄ ခု၊ စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုရှင် ပြင်သစ် စီးပွားရေးပညာရှင် Jean Tirole (ယွန် တီဟောလ်)

ကမ္ဘာ့ဈေးကွက်အတွင်း သြဇာသက်ရောက်မှုနဲ့ လုပ်ထုံးလုပ်နည်းတွေကို လေ့လာသုံးသပ်ခဲ့တဲ့အတွက် ပြင်သစ် စီးပွားရေးပညာရှင် Jean Tirole (ယွန် တီဟောလ်) ကို ၂၀၁၄ ခုနှစ် စီးပွားရေးနိုဘဲလ်ဆု ချီးမြှင့်လိုက်ပါတယ်။ ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ (၁.၁)သန်း ရရှိမှာ ဖြစ်ပါတယ်။

အင်အားကြီးကုမ္ပဏီ အနည်းငယ်က စက်မှုလုပ်ငန်းတွေမှာ ဘယ်လိုချယ်လှယ် လှုပ်ရှားနေသလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေကို လေ့လာ သုတေသန ပြုခဲ့တဲ့ သူ့ရဲ့စာတမ်းကြောင့် သူ့ကို စီးပွားရေးနိုဘဲလ်ဆု ပေးအပ်တာဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့ ဆွီဒင်တော်ဝင်သိပ္ပံ အကယ်ဒမီက ပြောပါတယ်။

စည်းမျဉ်းမရှိတဲ့ လုပ်ရပ်တွေကြောင့် ဈေးကွက်အတွင်း ကုန်ချောဈေးဟာ ကုန်ကျစရိတ်ထက် အရမ်းမြင့်နေတာမျိုး မလိုလားအပ်တဲ့အဖြစ်တွေ ကြုံခဲ့ရကြောင်း၊ ကုန်ထုတ်အားကောင်းတဲ့ ကုမ္ပဏီသစ်တွေကို ပိတ်ဆို့ထားခြင်းအားဖြင့် ပစ္စည်းသိပ်မထုတ်နိုင်တဲ့ ကုမ္ပဏီတွေ ဈေးကွက်ထဲ ဆက်လက် ရပ်တည်ခွင့်ရနေတာကို တီဟောလ်ရဲ့စာတမ်းမှာတွေ့ရကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ သူဟာ ဒီနှစ်ထဲ ဒုတိယမြောက် နိုဘဲလ်ဆုရတဲ့ ပြင်သစ်နိုင်ငံသား ဖြစ်ပါတယ်။ အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့(တီဟောလ်)ကို ၁၉၅၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အမေရိကန် ပြည်ထောင်စု MIT နည်းပညာ တက္ကသိုလ်ကနေ ၁၉၈၁ ခုနှစ်မှာ ပါရဂူဘွဲ့ ရခဲ့ပါတယ်။ လက်ရှိမှာ ပြင်သစ်နိုင်ငံ သိုလု(စ်) စီးပွားရေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေပါတယ်။

စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကို ချီးမြှင့်တာဟာ ဒီ ၂၀၁၄ ခုနှစ်မှာ နောက်ဆုံးပဲ ဖြစ်ပါတယ်။

XS
SM
MD
LG