ရုရှားနိုင်ငံရဲ့ စီးပွားရေးဟာ အတွင်းထဲမှာ ပေါက်ကွဲမှုဖြစ်ပေါ်နေပြီး ရေနံဈေးတွေကလည်း ဆက်တိုက်ဆိုသလို ကျဆင်းနေတဲ့အတွက် ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့စီးပွား ကျဆင်းမယ့် အလားအလာ ရှိနေပါတယ်။ ကမ္ဘာ့စီးပွားရေးနဲ့ ပတ်သက်လို့ စိတ်မချမ်းမြေ့စရာ သတင်းတွေ အခုလို ထွက်နေပေမယ့်လည်း အိန္ဒိယနိုင်ငံမှာတော့ ကောင်းမွန် တိုးတက်တဲ့ လက္ခဏာတွေ တွေ့နေရသလို တရုတ်တို့ရဲ့ သိုးနှစ်က ဂျာမန် စီးပွားရေး ဆက်လက် ကောင်းမွန်စေမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်နေပါတယ်။ ၂၀၁၅ ခုနှစ်ရဲ့ ကမ္ဘာ့ စီးပွားရေး အလားအလာတွေ အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။