သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရက္ ၃၀ အတြင္း ပို႔ကုန္ေငြစာရင္း ရွင္းဖို႔ ကုမၸဏီ ၆၀၀ ေက်ာ္ကို သတိေပး


တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္မႈ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ျပည္ပကို ကုန္တင္ပို႔ၿပီးရလာတဲ့ ႏိုင္ငံျခားေငြပမာဏကို သက္ဆိုင္ရာဘဏ္ေတြမွာ စာရင္းမရွင္းဘဲ ဆက္ၿပီးကိုင္ေဆာင္ထားတဲ့ ျပည္တြင္းကုမၸဏီေပါင္း ၆၀၀ ေက်ာ္ရဲ႕ စာရင္းကို ဗဟိုဘဏ္က ထုတ္ျပန္လိုက္ပါတယ္။ ေနာက္ထပ္ ရက္ေပါင္း ၃၀ အတြင္း စာရင္းရွင္းလင္းမႈ မရွိဘူးဆိုရင္ ပို႔ကုန္/ သြင္းကုန္ဆိုင္ရာ လုပ္ထုံးလုပ္နည္းေတြ၊ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈဥပေဒအတိုင္း ဆက္ၿပီးေဆာင္႐ြက္သြားမယ္လို႔ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ဘက္က သတိေပးထားပါတယ္။ ရန္ကုန္ ကေပးပို႔တဲ့ ဒီသတင္းကို ကိုသားၫြန႔္ဦးကတင္ျပေပးထားပါတယ္။

ပို႔ကုန္လုပ္ငန္းရွင္ေတြအေနနဲ႔ ရလာတဲ့ႏိုင္ငံျခားေငြကို တလထက္ပိုၿပီး မကိုင္ေဆာင္ထားရဘူးလို႔ ဗဟိုဘဏ္က ေအာက္ တိုဘာ ၃ ရက္က သတိေပး ေၾကညာထားတာပါ။ ႏိုဝင္ဘာ ၂ ရက္မွာေတာ့ ဒီအသိေပးခ်က္ကို လိုက္နာမႈမရွိေသးတဲ့ ျပည္တြင္းကုမၸဏီေပါင္း ၆၆၃ ခုရဲ႕ စာရင္းကို ဗဟိုဘဏ္က ထုတ္ျပန္ထားပါတယ္။ ဒီစာရင္းဟာ ၂၀၁၉ ထဲမွာရခဲ့တဲ့ ကုမၸဏီေတြရဲ႕ ႏိုင္ငံျခားပို႔ကုန္ဝင္ေငြစာရင္းျဖစ္ၿပီး ေနာက္ထပ္ရက္ေပါင္း ၃၀ အတြင္းမွာ စာရင္းရွင္းလင္းရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း တခ်ိဳ႕ကုမၸဏီေတြဟာ ပို႔ကုန္ကေန ႏိုင္ငံျခားေငြ အျပည့္အဝျပန္မရေသးတာေၾကာင့္ တလအတြင္း အၿပီးသတ္စာရင္းရွင္းဖို႔ အခက္အခဲျဖစ္ႏိုင္ေၾကာင္း ဆန္ပို႔ကုန္လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

“အခုေတာင္ ျပႆနာေတြ တက္ေနၿပီေလ။ စကၤာပူေငြလႊဲေတြမရလို႔၊ ႐ြာေတြပတ္ေနၾကၿပီ။ စကၤာပူဘဏ္ထဲကို ကိုယ္ ရမယ့္ကုန္ဖိုးေတြ ဝင္မွန္းမသိ၊ မဝင္မွန္းမသိ အဲလိုေတြျဖစ္ေနၾကတာ။ အခုလက္ရွိကုမၸဏီေတြ အခက္အခဲေတြ ျဖစ္ေနၾကၿပီ။ စၿပီ-ဇာတ္လမ္းေတြက။ စာရင္းလက္က်န္က ၆၆၃ ဦးေပါ့။ ( အေမရိကန္ေဒၚလာ) ၅၇၆ သန္း။ ဒီ ၆၆၃ ဦးက စာရင္းဝင္သြားၿပီေပါ့။ ပထမသူတို႔ ( အာဏာပိုင္ေတြဘက္က) ထုတ္ျပန္ထားၿပီးေတာ့ warning ေတြေပးၿပီးေတာ့ လုပ္ေတာ့အခါက် စာရင္းမထြက္ေသးဘူးေလ၊ စာရင္းက အခုမွdetail ထြက္လာတာ။”

ပို႔ကုန္ဝင္ေငြရစာရင္းကို အတိအက်ျပန္ရႏိုင္ဖို႔ ယခင္ ျမန္မာအရပ္သားအစိုးရလက္ထက္ကတည္းက ႀကိဳးစားေနခဲ့တာျဖစ္တယ္လို႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ဒါေပမယ့္ အခုေလာက္ တင္းတင္းၾကပ္ၾကပ္ႀကီးမဟုတ္ပါဘူး။ တခ်ိဳ႕ ကုမၸဏီေတြအေနနဲ႔ ပို႔ကုန္ရ ႏိုင္ငံျခားေငြကို ျပည္ပမွာပဲျပန္ေရာင္းခ်တာရွိသလို ျပည္ပဘဏ္ေတြမွာပဲ သိမ္းဆည္းထားတာလည္း ရွိပါတယ္။ ဒီစာရင္းေတြကို ကုမၸဏီေတြက အတိအက်စာရင္းရွင္းဖို႔ စစ္ေကာင္စီဘက္က လိုလားေနတာပါ။

ကုမၸဏီတခ်ိဳ႕ဟာ ပို႔ကုန္ဝင္ေငြအားလုံး ျပန္မရေသးတဲ့တြက္ ျမန္မာအာဏာပိုင္ေတြဘက္က အတင္းအက်ပ္ စာရင္းရွင္းခိုင္းမယ္ ဆိုရင္ေတာ့ ႏိုင္ငံျခားေငြကို ျပင္ပကေန အစားထိုးၿပီး ဝယ္ယူရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အေမရိကန္ေဒၚလာေဈးက ေဈးကြက္မွာ ျပန္ၿပီးတက္သြားႏိုင္တဲ့ အေျခအေနရွိပါတယ္။

“သူတို႔က ဒါႀကီးကို တင္းတင္းက်ပ္က်ပ္လုပ္မယ္ဆိုရင္ ေဒၚလာေဈးျပန္မာလိမ့္မယ္။ က်ေနာ့္အျမင္က အဲလိုျမင္တယ္။ တကယ္တမ္း မျဖစ္ေနလုပ္ရတယ္ဆိုရင္ ကုမၸဏီပိတ္သိမ္းတာ အေၾကာင္းမဟုတ္ဘူး။ လူထိခိုက္မွာစိုးၿပီး ရေအာင္ ဒီေဒၚလာကိုျပန္ၿပီး ဒီဘက္ကို ရေအာင္ျပန္ထည့္မွာပဲ။ US ေဒၚလာထည့္ရမယ္ဆိုရင္ US အ႐ြက္ရွားရင္ ရွားသြားႏိုင္တယ္။ လိုက္ဝယ္ႏိုင္တာတို႔ ေဈးတက္ႏိုင္တာတို႔ ဒါမ်ိဳးေတြ ျဖစ္လာႏိုင္တယ္။”

ဒီကိစၥနဲ႔ပတ္သက္လို႔ ဗဟိုဘဏ္ရဲ႕ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈဌာနကို ဗြီအိုေအကဆက္သြယ္ေမးျမန္းခဲ့ေပမဲ့ ျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။

ကုမၸဏီေတြအေနနဲ႔ ပို႔ကုန္ကရထားတဲ့ ႏိုင္ငံျခားေငြကို ျပည္တြင္းက ပုဂၢလိကဘဏ္ေတြမွာ သတ္မွတ္ထားတဲ့ က်ပ္ေငြလဲႏႈန္းအတိုင္း ျပန္လည္ေပးသြင္းရမွာ ျဖစ္ပါတယ္။ ဒီလိုလဲတာမွာ ျပင္ပက်ပ္ေငြေပါက္ေဈးထက္ နည္းေနၿပီး ၿပီးခဲ့တဲ့လပိုင္းက တေဒၚလာကို က်ပ္ ၂၀၀ နီးပါးေလာက္ နစ္နာေၾကာင္းလည္း လုပ္ငန္းရွင္ေတြ ေျပာပါတယ္။

“အဓိကေတာ့ ပို႔ကုန္ပို႔ၿပီးရင္ေတာ့ ျမန္မာျပည္ကို ျပန္သြင္းရမယ့္ စည္းမ်ဥ္းကရွိတယ္ နဂိုကတည္းက သတ္မွတ္ၿပီးျဖစ္တယ္။ တခ်ိဳ႕ကုမၸဏီကလည္း ဗမာျပည္မသြင္းဘဲနဲ႔ ျပည္ပမွာပဲ စကၤာပူတို႔ဘာတို႔မွာ တဆင့္ခံၿပီးသြင္းတဲ့ လူေတြက်ေတာ့ ျပန္ၿပီးသြင္းဖို႔ က်န္ခဲ့တဲ့ဟာမ်ိဳးေတြ ျဖစ္ႏိုင္တာေပါ့။ အခုမွျပန္သြင္းရေတာ့ ဘယ္လိုပဲေျပာေျပာ လူေတြအတြက္ကေတာ့ လုပ္ရတာခက္တာေပါ့။ တခ်ိဳ႕ စကၤာပူတို႔ဘာတို႔ဆိုလည္း အရင္တုန္းကေငြလႊဲရ လြယ္တယ္ အခုဆိုရင္ မလြယ္ေတာ့ဘူး။ လုပ္ရတာနည္းနည္းေတာ့ ပိုခက္တာေပါ့။”

စီးပြားေရးလုပ္ငန္းရွင္ ေဒါက္တာစိုးထြန္းေျပာသြားတာပါ။

ပို႔ကုန္ဝင္ေငြစာရင္ မရွင္းရေသးဘဲက်န္ေနတဲ့ ကုမၸဏီ ၆၆၃ ခု ကိုင္ေဆာင္ထားတဲ့ ဝင္ေငြပမာဏက အေမရိကန္ေဒၚလာ ၅၇၆,၈၃၁,၇၈၉.၈၂ ( ၅၇၆ သန္းေက်ာ္) ရွိတယ္လို႔ ဗဟိုဘဏ္က ထုတ္ျပန္ထားပါတယ္။ပို႔ကုန္ရဝင္ေငြကို သတ္မွတ္ကာလတခုအတြင္းမွာ ဘဏ္ကျဖတ္တဲ့ေဈးအတိုင္း မျဖစ္မေန ေရာင္းခ်ရတာ၊ သြင္းကုန္လုပ္ငန္းရွင္ကလည္း ေဒၚလာေငြကို ဝယ္ၿပီးတဲ့အခါမွာ တျခားေငြစာရင္းတခုကို လႊဲေျပာင္းေရာင္းခ်ခြင့္မရွိတာ ဒီလို ကန႔္သတ္ခ်က္ေတြေၾကာင့္ ေဈးကြက္ရဲ႕ အေျခအေနနဲ႔ ကိုက္ညီမႈမရွိေၾကာင္း လုပ္ငန္းရွင္ေတြက ေဝဖန္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

ရက် ၃၀ အတွင်း ပို့ကုန်ငွေစာရင်း ရှင်းဖို့ ကုမ္ပဏီ၆၀၀ကျော်ကို သတိပေး

ပြည်ပကို ကုန်တင်ပို့ပြီးရလာတဲ့ နိုင်ငံခြားငွေပမာဏကို သက်ဆိုင်ရာဘဏ်တွေမှာ စာရင်းမရှင်းဘဲ ဆက်ပြီးကိုင်ဆောင်ထားတဲ့ ပြည်တွင်းကုမ္ပဏီပေါင်း ၆၀၀ ကျော်ရဲ့ စာရင်းကို ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ နောက်ထပ် ရက်ပေါင်း ၃၀ အတွင်း စာရင်းရှင်းလင်းမှု မရှိဘူးဆိုရင် ပို့ကုန်/ သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအတိုင်း ဆက်ပြီးဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ဘက်က သတိပေးထားပါတယ်။ ရန်ကုန် ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးကတင်ပြပေးထားပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ရလာတဲ့နိုင်ငံခြားငွေကို တလထက်ပိုပြီး မကိုင်ဆောင်ထားရဘူးလို့ ဗဟိုဘဏ်က အောက် တိုဘာ ၃ ရက်က သတိပေး ကြေညာထားတာပါ။ နိုဝင်ဘာ ၂ ရက်မှာတော့ ဒီအသိပေးချက်ကို လိုက်နာမှုမရှိသေးတဲ့ ပြည်တွင်းကုမ္ပဏီပေါင်း ၆၆၃ ခုရဲ့ စာရင်းကို ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းဟာ ၂၀၁၉ ထဲမှာရခဲ့တဲ့ ကုမ္ပဏီတွေရဲ့ နိုင်ငံခြားပို့ကုန်ဝင်ငွေစာရင်းဖြစ်ပြီး နောက်ထပ်ရက်ပေါင်း ၃၀ အတွင်းမှာ စာရင်းရှင်းလင်းရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တချို့ကုမ္ပဏီတွေဟာ ပို့ကုန်ကနေ နိုင်ငံခြားငွေ အပြည့်အဝပြန်မရသေးတာကြောင့် တလအတွင်း အပြီးသတ်စာရင်းရှင်းဖို့ အခက်အခဲဖြစ်နိုင်ကြောင်း ဆန်ပို့ကုန်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“အခုတောင် ပြဿနာတွေ တက်နေပြီလေ။ စင်္ကာပူငွေလွှဲတွေမရလို့၊ ရွာတွေပတ်နေကြပြီ။ စင်္ကာပူဘဏ်ထဲကို ကိုယ် ရမယ့်ကုန်ဖိုးတွေ ဝင်မှန်းမသိ၊ မဝင်မှန်းမသိ အဲလိုတွေဖြစ်နေကြတာ။ အခုလက်ရှိကုမ္ပဏီတွေ အခက်အခဲတွေ ဖြစ်နေကြပြီ။ စပြီ-ဇာတ်လမ်းတွေက။ စာရင်းလက်ကျန်က ၆၆၃ ဦးပေါ့။ ( အမေရိကန်ဒေါ်လာ) ၅၇၆ သန်း။ ဒီ ၆၆၃ ဦးက စာရင်းဝင်သွားပြီပေါ့။ ပထမသူတို့ ( အာဏာပိုင်တွေဘက်က) ထုတ်ပြန်ထားပြီးတော့ warning တွေပေးပြီးတော့ လုပ်တော့အခါကျ စာရင်းမထွက်သေးဘူးလေ၊ စာရင်းက အခုမှ detail ထွက်လာတာ။”

ပို့ကုန်ဝင်ငွေရစာရင်းကို အတိအကျပြန်ရနိုင်ဖို့ ယခင် မြန်မာအရပ်သားအစိုးရလက်ထက်ကတည်းက ကြိုးစားနေခဲ့တာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒါပေမယ့် အခုလောက် တင်းတင်းကြပ်ကြပ်ကြီးမဟုတ်ပါဘူး။ တချို့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ရ နိုင်ငံခြားငွေကို ပြည်ပမှာပဲပြန်ရောင်းချတာရှိသလို ပြည်ပဘဏ်တွေမှာပဲ သိမ်းဆည်းထားတာလည်း ရှိပါတယ်။ ဒီစာရင်းတွေကို ကုမ္ပဏီတွေက အတိအကျစာရင်းရှင်းဖို့ စစ်ကောင်စီဘက်က လိုလားနေတာပါ။

ကုမ္ပဏီတချို့ဟာ ပို့ကုန်ဝင်ငွေအားလုံး ပြန်မရသေးတဲ့တွက် မြန်မာအာဏာပိုင်တွေဘက်က အတင်းအကျပ် စာရင်းရှင်းခိုင်းမယ် ဆိုရင်တော့ နိုင်ငံခြားငွေကို ပြင်ပကနေ အစားထိုးပြီး ဝယ်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာဈေးက ဈေးကွက်မှာ ပြန်ပြီးတက်သွားနိုင်တဲ့ အခြေအနေရှိပါတယ်။

“သူတို့က ဒါကြီးကို တင်းတင်းကျပ်ကျပ်လုပ်မယ်ဆိုရင် ဒေါ်လာဈေးပြန်မာလိမ့်မယ်။ ကျနော့်အမြင်က အဲလိုမြင်တယ်။ တကယ်တမ်း မဖြစ်နေလုပ်ရတယ်ဆိုရင် ကုမ္ပဏီပိတ်သိမ်းတာ အကြောင်းမဟုတ်ဘူး။ လူထိခိုက်မှာစိုးပြီး ရအောင် ဒီဒေါ်လာကိုပြန်ပြီး ဒီဘက်ကို ရအောင်ပြန်ထည့်မှာပဲ။ US ဒေါ်လာထည့်ရမယ်ဆိုရင် US အရွက်ရှားရင် ရှားသွားနိုင်တယ်။ လိုက်ဝယ်နိုင်တာတို့ ဈေးတက်နိုင်တာတို့ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနကို ဗွီအိုအေကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ကရထားတဲ့ နိုင်ငံခြားငွေကို ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေမှာ သတ်မှတ်ထားတဲ့ ကျပ်ငွေလဲနှုန်းအတိုင်း ပြန်လည်ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒီလိုလဲတာမှာ ပြင်ပကျပ်ငွေပေါက်ဈေးထက် နည်းနေပြီး ပြီးခဲ့တဲ့လပိုင်းက တဒေါ်လာကို ကျပ် ၂၀၀ နီးပါးလောက် နစ်နာကြောင်းလည်း လုပ်ငန်းရှင်တွေ ပြောပါတယ်။

“အဓိကတော့ ပို့ကုန်ပို့ပြီးရင်တော့ မြန်မာပြည်ကို ပြန်သွင်းရမယ့် စည်းမျဉ်းကရှိတယ် နဂိုကတည်းက သတ်မှတ်ပြီးဖြစ်တယ်။ တချို့ကုမ္ပဏီကလည်း ဗမာပြည်မသွင်းဘဲနဲ့ ပြည်ပမှာပဲ စင်္ကာပူတို့ဘာတို့မှာ တဆင့်ခံပြီးသွင်းတဲ့ လူတွေကျတော့ ပြန်ပြီးသွင်းဖို့ ကျန်ခဲ့တဲ့ဟာမျိုးတွေ ဖြစ်နိုင်တာပေါ့။ အခုမှပြန်သွင်းရတော့ ဘယ်လိုပဲပြောပြော လူတွေအတွက်ကတော့ လုပ်ရတာခက်တာပေါ့။ တချို့ စင်္ကာပူတို့ဘာတို့ဆိုလည်း အရင်တုန်းကငွေလွှဲရ လွယ်တယ် အခုဆိုရင် မလွယ်တော့ဘူး။ လုပ်ရတာနည်းနည်းတော့ ပိုခက်တာပေါ့။”

စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းပြောသွားတာပါ။

ပို့ကုန်ဝင်ငွေစာရင် မရှင်းရသေးဘဲကျန်နေတဲ့ ကုမ္ပဏီ ၆၆၃ ခု ကိုင်ဆောင်ထားတဲ့ ဝင်ငွေပမာဏက အမေရိကန်ဒေါ်လာ ၅၇၆,၈၃၁,၇၈၉.၈၂ ( ၅၇၆ သန်းကျော်) ရှိတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ ပို့ကုန်ရဝင်ငွေကို သတ်မှတ်ကာလတခုအတွင်းမှာ ဘဏ်ကဖြတ်တဲ့ဈေးအတိုင်း မဖြစ်မနေ ရောင်းချရတာ၊ သွင်းကုန်လုပ်ငန်းရှင်ကလည်း ဒေါ်လာငွေကို ဝယ်ပြီးတဲ့အခါမှာ တခြားငွေစာရင်းတခုကို လွှဲပြောင်းရောင်းချခွင့်မရှိတာ ဒီလို ကန့်သတ်ချက်တွေကြောင့် ဈေးကွက်ရဲ့ အခြေအနေနဲ့ ကိုက်ညီမှုမရှိကြောင်း လုပ်ငန်းရှင်တွေက ဝေဖန်နေကြပါတယ်။

#MyanmarExport #MyanmarTrade #MyanmarEconomy #VOABurmese
#နိုင်ငံခြားငွေ#သွင်းကုန်ပို့ကုန်#၆၆၃

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG