သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီကွေဒေါငလျင် သေဆုံးသူ ၂၃၀ ကျော်သွားပြီ


အီကွေဒေါငလျင် ကြောင့် အဆောက်အအုံများပျက်စီး
အီကွေဒေါငလျင် ကြောင့် အဆောက်အအုံများပျက်စီး

အီကွေဒေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အရေအတွက်က တနင်္ဂနွေနေ့မှာ ၂၃၃ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။ ညဘက်မှာ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် နေ့ဘက်ရောက်တဲ့အခါမှာ ကယ်ဆယ် ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေ ကောင်းကောင်းလုပ်လာနိုင်ပါတယ်။

သမ္မတ Rafael Correa ရုံးကနေ နောက်ဆုံး ထွက်လာတဲ့ အရေအတွက်က အရင်ခန့်မှန်းထားတာထက် သုံးဆ ကျော် များပြားပါ တယ်။ တောင်အမေရိကနိုင်ငံ တခုဖြစ်တဲ့ အီကွေဒေါနိုင်ငံ ကမ်းရိုးတန် တလျှောက် စနေနေ့ နှောင်းပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ကြောင့် ရာနဲ့ချီ ဒဏ်ရာရရှိထားပါတယ်။

Manta ကမ်းခြေမြို့ ကြီးကြီးမားမား ပျက်စီးတယ်လို့ အစောပိုင်သတင်းတွေ မှာ ဖော်ပြကြပါတယ်။ လူဦးရေနည်းတဲ့ ငါးဖမ်းဆိပ်ကမ်းတွေနဲ့ ခရီးသွား ကမ်းခြေတွေကို ရောက်ရှိနိုင်ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ ကြိုးစားနေ ကြပါတယ်။

သမ္မတ Correa ရဲ့ အဆိုအရတော့ Manabi ပြည်နယ်တွင်းက လူဦးရေ ၄၀,၀၀၀ ကျော် နေထိုင်တဲ့ Pedernales မြို့ ပျက်စီးသွားပါတယ်။ ဒုတိယသမ္မတ Jorge Glas လည်း ငလျင်ဒဏ်သင့် ဒေသတွေကို သွားနေပါ တယ်။ နိုင်ငံတဝန်းက သေဆုံးသူတွေနဲ့ပတ်သက်ပြီး သတင်းတွေ ဝင်လာနေ ဆဲဖြစ်တာမို့ သေဆုံးသူ အရေအတွက် တိုးလာမယ့်အနေအထား ရှိတယ်လို့လည်း တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ဒုတိယသမ္မတက ပြောထားပါတယ်။

XS
SM
MD
LG