ရွေးကောက်ပွဲဆိုတာက နိုင်ငံရေး စစ်ပွဲတပွဲဗျ၊ နိုင်ငံရေးစစ်ပွဲဆိုတာက လူတိုင်းပါဝင်ပြီးတော့ လှုပ်လှုပ်ရှားရှားဖြစ်ရတာ။ ဒါ အပြောင်း အလဲကြီးတခု ဖြစ်ရမှာ။
အဲဒီတော့ ရှေးတုန်းက ရွေးကောက်ပွဲဆိုတာနဲ့ တပြိုင်နက် ရွာတွေ၊ မြို့တွေ၊ ရပ်ကွက်တွေထဲမှာ အစုလိုက် အစုလိုက် ဟိုနားတစု၊ ဒီနားတစုနဲ့ တိုင်ပင်ကြ။ ဘယ်သူ့ပေးမလဲ၊ ဘာပေးမလဲ။ ဘယ်လိုတုန်း။ အဲလို လျှောက်ဆွေးနွေးကြ၊ ဒီလိုဖြစ်ခဲ့တာ။
နောက် တချို့ရွာတွေ ဆိုလို့ရှိရင် တည်မြဲ…သန့်ရှင်း…ပ၊ မ၊ ည၊ တ ကွဲတုန်းကဆိုရင် ထမီအနီတွေနဲ့ … အ၀ါတွေနဲ့ …အပြာတွေနဲ့ … မိန်းကလေးတွေ လှုပ်ရှားနေတာ ပွဲတော် ကျနေတာပါပဲ။
ပီးတော့ နွားတွေ ဘာတွေ ဆိုရင်လည်း နွားအလှတွေကို ဂျိုတွေမှာ အလံတွေ၊ ပ၊ မ၊ ည၊ တ တို့ တည်မြဲအလံတို့ သန့်ရှင်းအလံတို့ ဆိုတာတွေ ချိတ်ပြီး ရွာထဲမှာ မောင်းကြ ပြုကြ အဲသလို ပြိုင်နေကြတာ။
အခု ဒီရွေးကောက်ပွဲကတော့ ဘာဖြစ်လဲ ဆိုတော့ လူတွေကြားထဲ သွားကြည့်လိုက်တယ်။ ရွေးကောက်ပွဲအကြောင်း ပြောမယ့်လူ ဆိုတာ ရှားရှားပါးပါးပဲ။ ပြောမယ့်လူကို မတွေ့ဘူး။
ကိုယ်က စပြီးပြောလိုက်တော့လည်း ကိုယ်က ရင်းနှီးတဲ့ သူတွေနဲ့ တွေ့လိုက်တော့လည်း သူတို့က မပြောချင် ပြောချင်နဲ့ ဘယ်လို ပြန်ပြောတုန်းဆိုတော့ - ရွေးကောက်ပွဲက အဖြေရပြီးသားကြီးဗျာ၊ ခင်ဗျား ဘာထူးမှာတုန်း-တဲ့။ အဲဒီလို စိတ်ကုန်နေကြတယ်။ အရပ်ထဲမှာ၊ ဈေးထဲမှာ အကုန်လုံးပဲ။ စိတ်မ၀င်စားကြဘူး။ ဘယ်မှာမှ ၀င်စားတာ မတွေ့ဘူး။
အဲဒီတော့ အခုဟာက ဘာဖြစ်နေလဲဆိုတော့ ဒီရွေးကောက်ပွဲမှာ မျှော်လင့်ချက်လည်း မထားကြဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ။ ဒီရွေးကောက်ပွဲကတော့ - ပြီးရင် အစိုးရတရပ်တော့ ပေါ်လာမှာပဲ။ အဲဒီ ပေါ်လာတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုတော့ ခံနေရမှာပဲ။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲကို လူထုကတော့ အသိအမှတ်ပြုမှာ မဟုတ်ဘူး။
လူထု အသိအမှတ်မပြုတဲ့ အရင် တရားမ၀င်အာဏာသိမ်းထားတဲ့ ပုံစံမျိုးလိုပဲ အဓိပ္ပာယ် သက်ရောက်သွားမှာပဲ။ လူတွေ သေမထူး၊ နေမထူး ဆိုတဲ့ အမြင်တွေ ၀င်လာပြီးရင် တိုင်းပြည်မှာ မမျှော်လင့်တဲ့ပြဿနာမျိုးကြီး ကြီးကျယ်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်သွားနိုင်တယ်။
ဒါ့ကြောင့် အစိုးရအနေနဲ့ ဒီလို ပြဿနာတွေ တိုင်းပြည်မှာ ကြီးကြီးမားမား မဖြစ်အောင် နည်းလမ်းရှာဖို့ ကောင်းတယ်လို့ ပြောချင်တယ်။
ရွေးကောက်ပွဲဆိုတာက နိုင်ငံရေး စစ်ပွဲတပွဲဗျ၊ နိုင်ငံရေးစစ်ပွဲဆိုတာက လူတိုင်းပါဝင်ပြီးတော့ လှုပ်လှုပ်ရှားရှားဖြစ်ရတာ။ ဒါ အပြောင်းအလဲကြီးတခု ဖြစ်ရမှာ။
အဲဒီတော့ ရှေးတုန်းက ရွေးကောက်ပွဲဆိုတာနဲ့ တပြိုင်နက် ရွာတွေ၊ မြို့တွေ၊ ရပ်ကွက်တွေထဲမှာ အစုလိုက် အစုလိုက် ဟိုနားတစု၊ ဒီနားတစုနဲ့ တိုင်ပင်ကြ။ ဘယ်သူ့ပေးမလဲ၊ ဘာပေးမလဲ။ ဘယ်လိုတုန်း။ အဲလို လျှောက်ဆွေးနွေးကြ၊ ဒီလိုဖြစ်တာ။
နောက် တချို့ရွာတွေ ဆိုလို့ရှိရင် တည်မြဲ…သန့်ရှင်း…ပ၊ မ၊ ည၊ တ ကွဲတုန်းကဆိုရင် ထမိန်အနီတွေနဲ့ … အ၀ါတွေနဲ့ …အပြာတွေနဲ့ … မိန်းကလေးတွေ လှုပ်ရှားနေတာ ပွဲတော် ကျနေတာပဲ။
ပီးတော့ နွားတွေ ဘာတွေ ဆိုရင်လည်း နွားအလှတွေကို ဂျိုတွေမှာ အလံတွေ၊ ပ၊ မ၊ ည၊ တ တို့ တည်မြဲအလံတို့ သန့်ရှင်းအလံတို့ ဆိုတာတွေ ချိတ်ပြီး ရွာထဲမှာ မောင်းကြ ပြုကြ အဲသလို ပြိုင်နေကြတာ။
အခု ဒီရွေးကောက်ပွဲကတော့ ဘာဖြစ်လဲ ဆိုတော့ လူတွေကြားထဲ သွားကြည့်လိုက်တယ်။ ရွေးကောက်ပွဲအကြောင်း ပြောမယ့်လူ ဆိုတာ ရှားရှားပဲ။ ပြောမယ့်လူကို မတွေ့ဘူး စပြီးတော့ ….
ကိုယ်က စပြီးပြောလိုက်တော့လည်း ကိုယ်က ရင်းနှီးတဲ့ သူတွေနဲ့ တွေ့လိုက်တော့လည်း ဘာပြောတုန်း ဆိုတော့ - သူတို့က မပြောချင် ပြောချင်နဲ့ ဘယ်လို ပြန်ပြောတုန်းဆိုတော့ - ရွေးကောက်ပွဲက အဖြေရပြီးသားကြီးဗျာ၊ ခင်ဗျား ဘာထူးမှာတုန်း-တဲ့။ အဲဒီလို စိတ်ကုန်နေကြတယ်။ ရွေးကောက်ပွဲမှာ။ အရပ်ထဲမှာ၊ ဈေးထဲမှာ အကုန်လုံးပဲ။ စိတ်မ၀င်စားကြဘူး။ ဘယ်မှာမှ ၀င်စားတာ မတွေ့ဘူး။
အဲဒီတော့ အခုဟာက ဘာဖြစ်နေလဲဆိုတော့ ဒီရွေးကောက်ပွဲမှာ မျှော်လင့်ချက်လည်း မထားကြဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ။ ဒီရွေးကောက်ပွဲကတော့ - သူက အစိုးရတရပ်တော့ ပေါ်လာမှာပဲ။ အဲဒီ ပေါ်လာတဲ့ အစိုးရကို ဒီ အုပ်ချုပ်မှုတော့ ခံနေရမှာပဲ။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲကို လူထုကတော့ အသိအမှတ်ပြုမှာ မဟုတ်ဘူး။
လူထု အသိအမှတ်မပြုတဲ့ အရင် တရားမ၀င်အာဏာသိမ်းထားတဲ့ ပုံစံမျိုးလိုပဲ အဓိပ္ပာယ် သက်ရောက်သွားမှာပဲ။ လူတွေ သေမထူး၊ နေမထူး ဆိုတဲ့ အမြင်တွေ ၀င်လာပီဆိုရင် ၊ ၀င်လာပြီးတော့ အဲဒါတွေ စုဆောင်းမိသွားရင် တိုင်းပြည်မှာ မမျှော်လင့်တဲ့ပြဿနာမျိုးကြီး ကြီးကျယ်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်သွားနိုင်တယ်။ ဒါက တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ သေချာ စူးစမ်းပြီးတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ့် ကိစ္စ။ အဲဒါတွေ ပြေလည်အောင် အစိုးရက ဘယ်လိုနည်းလမ်းရှာပီးတော့၊ လမ်းလွှဲပြီးတော့ ပြေလည်အောင်လုပ်မယ်ဆိုတဲ့ ဟာမျိုး စဉ်းစားမှ တိုင်းပြည် အုပ်ချုပ်လို့ရမှာ။
အခုဟာက အဲဒီဟာမျိုးတွေက ဒီခေတ်မှာ မစဉ်းစားဘူးဗျ။ အဲဒီတော့ ကိုယ်လုပ်ချင်တာ ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ဖြစ်အောင်လုပ်ကြတာပဲ။ အဲဒါကြောင့် ဒီရွေးကောက်ပွဲက ရွေးကောက်ပွဲဆိုပေမယ့် ရွေးကောက်ပွဲဆိုတာက ထွက်ပေါက်တခု ပေးရမှာ။ ဘာမှ ထွက်ပေါက်မဟုတ်တော့ အုံခဲ သွားမှာပေါ့လေ။ ငုပ်သွားပြီးတော့ ဒါကြီး ပွင့်ပြီးတော့ ပေါ်လာတယ်ဆိုရင် ပြဿနာဖြစ်နိုင်တယ်လို့ အဘကတော့ ယုံကြည်တယ်။ အဲလိုလည်း ထင်တယ်။
ဒါ့ကြောင့် အစိုးရအနေနဲ့ ဘာတုန်းဆိုတော့ ဒီလို ပြဿနာတွေ တိုင်းပြည်မှာ ကြီးကြီးမားမား မဖြစ်အောင် နည်းလမ်းရှာဖို့ ကောင်းတယ်လို့ ပြောချင်တယ်။