သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တက္ကသိုလ် တွေမှာ ပညာသင်ဖို့ ဘာတွေလိုမလဲ 


Education destination USA
Education destination USA

အမေရိကန် တက္ကသိုလ် တွေမှာ လာရောက် ပညာသင်ကြားချင် တဲ့ နိုင်ငံတကာ ကျောင်းသားတွေဘာတွေ ပြင်ဆင်ဖို့လိုသလဲ၊ ဘာတွေ သိသင့်ပါသလဲ၊ VOA အမေရိကန်အသံနဲ့ ဝါရှင်တန်မြို့မှာ ရှိတဲ့ ဂျော့ဝါရှင်တန်တက္ကသိုလ်နဲ့ ပူးပေါင်းပြီး မိနစ် ၉၀ စာ ဆွေးနွေးပွဲ အစီအစဉ် တစ်ခု တိုက်ရိုက် ထုတ်လွှင့်ဖို့ စီစဉ်နေပါတယ်။

ဆွေးနွေးပွဲကို ဦးဆောင်မယ့် သူတွေထဲမှာ ဂျော့ဝါရှင်တန်တက္ကသိုလ်၊ Wellesley College ဝက်စလေ ကောလိပ်၊ Michigan State University မစ်ရှီဂန်ပြည်နယ် တက္ကသိုလ်၊ American University အမေရိကန် တက္ကသိုလ် နဲ့ Johns Hopkins University ဂျွန်ဟော့ကင်း တက္ကသိုလ် က ကျွမ်းကျင်သူတွေ ပါဝင်မှာဖြစ်ပြီးတော့ လူဝင်မှု ကြီးကြပ်ရေး ဗီဇာဝင်ရာမှာ ကြုံတွေ့ နိုင်တဲ့ အခက်အခဲတွေ၊ ကျောင်းဝင်ခွင့်၊ နောက်ပြီး ယဉ်ကျေးမှု နဲ့ ပညာသင်ကြားရာမှာ ကျောင်းသားတွေ တွေ့ကြုံရနိုင်တဲ့ အခက်အခဲတွေ အကြောင်း ဆွေးနွေးကြမှာပါ။ မေးခွန်းမေးလိုသူတွေ အနေနဲ့ VOA ကို အီးမေးလ်နဲ့ ဖြစ်စေ၊ ဗွီဒီယိုဖိုင်ပေးပို့၍ဖြစ်စေ ပေးပို့မေးမြန်းနိုင်ပါတယ်။ ဗီဒီယိုဖိုင် ပေးပို့မယ် ဆိုရင်တော့ ဧပြီလ ၂၁ ရက် နောက်ဆုံးထားပြီး ပေးပို့ နိုင်ပါတယ်။

XS
SM
MD
LG