သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden တွစ်တာ စသုံး


Edward Snowden ရဲ့ Twitter စာမျက်နှာ
Edward Snowden ရဲ့ Twitter စာမျက်နှာ

ပြည်ပကို ထွက်ပြေးသွားတဲ့ အမေရိကန် ထောက်လှမ်းရေး ကန်ထရိုက်ဝန်ထမ်းဟောင်း Edward Snowden ဟာ လူမှုကွန်ယက် ဆက်သွယ်ရေးနည်းတခုဖြစ်တဲ့ Twitter ကို ပထမဆုံး စပြီး အသုံးပြုလိုက်ပါတယ်။

ကျနော်ပြောတာ အခု ကြားရပါပြီလားလို့ဆိုရမယ့် Can you hear me now? ဆိုတာကို အင်္ဂါနေ့ အမေရိကန်အရှေ့ဘက်ဒေသ စံတော်ချိန် နေ့လည်ပိုင်းလောက် Snowden က Twitter မှာရေးခဲ့တာပါ။ သူဟာ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ရဲ့ ကန်ထရိုက်ဝန်ထမ်းဟောင်းဖြစ်ပြီး အမေရိကန် ထောက်လှမ်းရေးအစီအစဉ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် အထောက်အထားတွေကို ဖွင့်ချခဲ့သူပါ။

Snowden ရဲ့ Twitter ဟာ အစစ်အမှန်ဖြစ်တယ်ဆိုတာကို Twitter ကုမ္ပဏီက အတည်ပြုပါတယ်။ တနာရီအတွင်းမှာပဲ သူ့ရဲ့ Twitter ကို မပြတ်စောင့်ကြည့်ရယူမယ့် တခြား Twitter အသုံးပြုသူပေါင်း ၁၈၅,၀၀၀ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ သူ့ရဲ့ အလုပ်ရှင်ဟောင်းဖြစ်တဲ့ NSA ရဲ့ Twitter တခုတည်းကိုပဲ မပြတ်စောင့်ကြည့်ရယူမယ်လို့ ထည့်ထားပါသေးတယ်။

သူဟာ အစိုးရအတွက် အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး အခုတော့ အများပြည်သူအတွက် အလုပ်လုပ်နေပါပြီလို့ သူ့ရဲ့ Twitter ပုဂ္ဂိုလ် ရေးအချက်အလက်ထဲမှာ Snowden က သူ့ကိုယ်သူ ဖော်ပြထားပါတယ်။ အင်္ဂါနေ့နှောင်ပိုင်း ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ Twitter ကို မပြတ်စောင့်ကြည့်ရယူသူပေါင်း ၆၀၀,၀၀၀ ကျော်ထိရှိသွားတာမို့ NSA ရဲ့ Twitter ကို မပြတ်စောင့်ကြည့်ရယူသူ ၉၃,၀၀၀ နီးပါးထက် အများကြီး ပိုများသွားပါတယ်။

XS
SM
MD
LG