သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အာဏာလွှဲရေးဖြစ်စဉ် ချက်ချင်းစတင်


အီဂျစ်အာဏာလွှဲရေးဖြစ်စဉ် ချက်ချင်းစတင်

အီဂျစ်သမ္မတ ဟိုစနီမူဘာရက်အနေနဲ့ အာဏာလွှဲပြောင်းမှုကို ချက်ချင်းစသင့်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ မူဘာရက်ကို ရာထူးက ချက်ချင်းထွက်ပေးဖို့ တောင်းဆိုတာမျိုးတော့ မလုပ်ဘူးလို့ ဆိုပါတယ်။ အီဂျစ်နိုင်ငံရဲ့ အနာဂတ်ကို အီဂျစ်ပြည်သူတွေ ဆုံးဖြတ်ရမှာဖြစ်ပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အီဂျစ်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေဟာာ အီဂျစ်နိုင်ငံအတွက် အခွင့်ကောင်းတခု ဖြစ်လာသင့်ပြီး ကမ္ဘာကလည်း အီဂျစ်က အဖြစ်အပျက်တွေကို စောင့်ကြည့်လေ့လာနေတယ်လို့ ဆိုပါတယ်။

ကနေဒါဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သောကြာနေ့က အမေရိကန် သမ္မတကပြောဆိုခဲ့တာဖြစ်ပါတယ်။ အီဂျစ်သမ္မတ မူဘာရက်ကို ထောက်ခံသူတွေနဲ့ အတိုက်အခံ ဆန္ဒပြသူတွေအကြားမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို အမေရိကန်သမ္မတက ရှုတ်ချဝေဖန်လိုက်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာခဲလ် ကလည်း အီဂျစ်နိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း စနေနေ့က ပြောပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ မရှိသေးသမျှ ကာလပတ်လုံး အီဂျစ်နိုင်ငံမှာ တည်ငြိမ်မှုတွေ ရှိမှာမဟုတ်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။

အခုလောလောဆယ် အီဂျစ်နဲ့အမေရိကန် တာဝန်ရှိသူတွေအနေနဲ့ အီဂျစ်သမ္မတ မူဘာရက် အမြန်ဆုံး နုတ်ထွက်ပြီး စစ်တပ်ရဲ့ ခေါင်းဆောင်မှုနဲ့ ဒုတိယသမ္မတ အိုမန်ဆူလေမန် ဦးဆောင်တဲ့ အသစ်ပြောင်းလဲလာတဲ့ အစိုးရကို အာဏာလွှဲဖို့ကိစ္စတွေကို ဆွေးနွေးနေကြတယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG