သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ခေါင်းဆောင်တွေနဲ့ ကလင်တန်တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ အသစ်တက်လာတဲ့ အီဂျစ်သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးပြီးနောက် ဒီကနေ့မှာတော့ စစ်တပ်ထိပ်တန်း တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး မိုဟာမက် ဟူစိန် တန်တာဝီ (Field Marshal Mohamed Hussein Tantawi) နဲ့ ကိုင်ရိုမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း ဟော့စနီ မူဘာရတ် (Hosni Mubarak) ဖြုတ်ချခံခဲ့ရပြီးနောက် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့သူ မစ္စတာ တန်တာဝီ နဲ့ ဝန်ကြီး ကလင်တန်တို့ တွေ့ဆုံချိန်မှာ အီဂျစ်ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ အရေးကြီးမှု၊ ပြီးတော့ မြောက်အာဖရိကနို င်ငံရဲ့ နိုင်ငံရေး အကူးအပြောင်း နဲ့ ဒေသတွင်း တည်ငြိမ်ရေး ကိစ္စရပ်တွေအပါအဝင် ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ ကြတာပါ။
အဲ့ဒီနောက် ဝန်ကြီး ကလင်တန် ဟာ အီဂျစ်နိုင်ငံက ဘာသာရေးခေါင်းဆောင်တွေ၊ အမျိုးသမီးခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ စီစဉ်ထားသလို အလတ်ဇန္ဒီးယား (Alexandria) မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးမှာ ကျင်းပမယ့် အလံတင် အခမ်းအနားကိုလည်း ဝန်ကြီး ကလင်တန် တက်ရောက်ဖို့ ရှိပါတယ်။ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ ဝန်ကြီး ကလင်တန်ဟာ အီဂျစ်နိုင်ငံကနေ အစ္စရေးနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ အနေနဲ့ အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ထောက်ခံတယ်ဆိုတာ သူ့အနေနဲ့ ထပ်ပြီးတော့ အခိုင်အမာ ပြောလိုကြောင်း၊ ဒါ့အပြင် အမေရိကန် ပြည်ထောင်စုအနေနဲ့ အကူအညီပေးချင်တဲ့ ဆန္ဒရှိမယ့် အသွင်ကူးပြောင်းရေး ကာလကို ဘယ်လို ဖြတ်သန်းမလဲ ဆိုတာကတော့ အီဂျစ်ပြည်သူတွေ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ဝန်ကြီး ကလင်တန် က သမ္မတ မော်စီ နဲ့ တွေ့ဆုံအပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG