သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

အီဂျစ်နိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်မှု စာမျက်နှာကို ပိတ်လိုက်နိုင်ပြီလို့ သမ္မတသစ် မိုဟာမတ် မော်စီ (Mohamed Morsi) က ပြောကြားပြီး အီဂျစ်နိုင်ငံရဲ့ အနာဂတ် ပိုမိုကောင်းမွန်ရပါစေမယ်လို့ ကတိပြုခဲ့ပါတယ်။ အီဂျစ်နိုင်ငံမှာ ရွေးကောက်ခံရတဲ့ ပထမဆုံး အရပ်သား သမ္မတအဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရားရုံးမှာ ကျန်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းအကြာမှာပဲ မစ္စတာ မော်စီ က ကိုင်ရို (Cairo) တက္ကသိုလ်မှာ သမ္မတမိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အီဂျစ်နိုင်ငံကို ပြန်လည် မွေးဖွားခဲ့ပြီလို့ မော်စီ က မိန့်ခွန်းထဲမှာ ဖော်ပြ ပြောဆိုသွားပါတယ်။ အီဂျစ်နိုင်ငံမှာ ကစဉ့်ကလျားဖြစ်နေတဲ့ အခြေအနေတွေ အဆုံးသတ်အောင် လုပ်ကြပါလို့လည်း အီဂျစ်လူမျိုးတွေကို တိုက်တွန်းသွားပါတယ်။ သမ္မတသစ်ကပဲ လူမှုရေး တရားမျှတမှုတွေ ရရှိအောင် ဆောင်ရွက်ပေးပါမယ်လို့လည်း ကတိပြုသွားပါတယ်။

စစ်တပ်အနေနဲ့ အဓိက တာဝန်ဖြစ်တဲ့ ပြည်ပရန်ကာကွယ်ရေးကို ပြန်လည် တာဝန်ယူဖို့လည်း တောင်းဆိုခဲ့ပါတယ်။ နိုင်ငံခြားရေးရာပိုင်းနဲ့ ပတ်သက်လို့လည်း သူ့အဆို ပါလက်စတိုင်း ပြည်သူတွေရဲ့ တရားဝင် အခွင့်အရေးတွေ ရရှိရေးအတွက် ထောက်ခံသွားမယ်လို့ ကတိပြုခဲ့သလို ဆီးရီးယားမှာဖြစ်နေတဲ့ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

အရင်သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosni Mubarak) လက်ထက်မှာ တရားမဝင်အသင်းအဖြစ် ကြေညာခံထားရတဲ့ Muslim Brotherhood အဖွဲ့ကိုယ်စားပြုပြီး မစ္စတာ မော်စီ သမ္မတဖြစ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ အနိုင်ရသူဖြစ်တယ် ဆိုတဲ့ တရားဝင် မဲရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ မစ္စတာ မော်စီ က Brotherhood အဖွ့ဲဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ပါတယ်။ သူသမ္မတ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း အီဂျစ်ပြည်သူတွေကို ကိုယ်စားပြုပြီး ဆောင်ရွက်သွားပါမယ်လို့ ကတိပြုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG