သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ပဋိပက္ခ သေဆုံးသူများပြား


အီဂျစ်ဆန္ဒပြပွဲတွင်း ဒဏ်ရာရသူတချို့။
အီဂျစ်ဆန္ဒပြပွဲတွင်း ဒဏ်ရာရသူတချို့။
အီဂျစ်နိုင်ငံမှာ ရာထူးကနေဖယ်ရှားခံရတဲ့ သမ္မတဟောင်း မိုဟာမက်မော်စီ ကို ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်တွေကြား ပဋိပက္ခဖြစ်ပွားမှုမှာ လူပေါင်း ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ အီဂျစ်အစိုးရ တာဝန်ရှိသူတွေ နဲ့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။ မစ္စတာ မော်စီကိုထောက်ခံသူတွေ ကတော့ သေဆုံးသူ အရေအတွက် အများကြီး ပိုများတယ်လို့ ပြောပါတယ်။

သောကြာနေ့ကတည်းက မော်စီထောက်ခံသူတွေ စုဝေးနေတဲ့ ကိုင်ရို မြို့တော်မှာရှိတဲ့ Rabia el-Adawiya ဗလီနားအပါအဝင် အီဂျစ်နိုင်ငံထဲ က နေရာတော်တော်များများမှာ ဒီကနေ့ မငြိမ်မသက်ဖြစ်ပွားနေပါတယ်။ ဒီကနေ့ စနေနေ့မှာ ဗလီထဲကလူတွေက အနီးအနားမှာရှိတဲ့ ရပ်ကွက်တွေအပေါ် ပစ်ခတ်တယ်လို့ အီဂျစ်တာဝန်ရှိသူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ သေနတ်သမားတွေက ဗလီထဲကို ပစ်ခတ်တယ်လို့ al-Jazeera ရုပ်သံ သတင်းကပြောပါတယ်။ အပြန်အလှန် ပဋိပက္ခအတွင်းမှာ ၃၈ ယောက် ထက်မနည်း သေဆုံးတယ်လို့ ကိုင်ရိုမြို့ထဲက ယာယီလုပ်ထားတဲ့ဆေးရုံ က ဆေးဝန်ထမ်းတွေက ပြောပါတယ်။

ကိုင်ရိုမြို့ Nasr ရပ်ကွက်က အဓိက လမ်းမကြီးမှာ လုံခြုံရေးတပ်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးတွေ အမြောက်အများရှိတဲ့ နေရာနဲ့ ဆန္ဒပြသမားတွေ စခန်းချနေတဲ့ နေရာကြားမှာ အဖြစ်လုပ်ထားတဲ့ အုတ်နံရံတွေတချို့ ကာထားတာ တွေ့ရတယ်လို့ အဲဒီမှာရှိတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါ တယ်။ ဘယ်သူတွေ ကာသွားသလဲ ဆိုတာကတော့ အတိအကျ မသိရပါဘူး။

သပိတ်စခန်းတွေကို ဖြိုခွဲဖို့ ဥပေဒေနဲ့အညီလုပ်မယ်လို့ ယာယီအစိုးရ က မျှော်လင့်ကြောင်း ဒီကနေ့ စနေနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲ မှာ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက် နဲ့ သူ့ရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို ချုပ်နှောင်ထားတဲ့ Torah အကျဉ်းထောင်ဆီကို မစ္စတာ မော်စီကို ပြောင်းရွှေ့ဖမ်းဆီးထားဖို့ များတယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

သမ္မတဟောင်း မောစီကို ပူးပေါင်းကြံစည်မှုတွေနဲ့ ဆက်လက်ဖမ်းဆီးထားဖို့ အီဂျစ်တရားသူကြီး တယောက်က အမိန့်ချထားတာနဲ့အတူ အီဂျစ်နိုင်ငံတဝန်းမှာ သူ့ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေဘက်က အင်အားပြိုင် ဆန္ဒပြနေကြပါတယ်။
XS
SM
MD
LG