သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြသူ လူစုခွဲဖို့ လုံခြုံရေးတပ်ဖွဲ့စီစဉ်


အီဂျစ်သမ္မတဟောင်း မော်စီကို ထောက်ခံဆန္ဒပြနေကြသူများ(သြဂုတ်လ ၈ ရက်၊ ၂၀၁၃)။
အီဂျစ်သမ္မတဟောင်း မော်စီကို ထောက်ခံဆန္ဒပြနေကြသူများ(သြဂုတ်လ ၈ ရက်၊ ၂၀၁၃)။
အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေက ကိုင်ရိုမြို့က ဆန္ဒပြစခန်း ၂ ခုကို လူစုခွဲဖို့ ပြင်ဆင်နေချိန်မှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်း မော်စီ ထောက်ခံသူတွေကြား တင်းမာမှုတွေ တိုးနေတာတွေ့နေရပါတယ်။

နောက်ထပ်သွေးထွက်သံယိုမှုတွေ မဖြစ်ရအောင် စစ်တပ်က ဆန္ဒပြသူတွေကို အင်အားသုံး မဖြိုခွင်းဖို့အတွက် အနောက်နိုင်ငံနဲ့ အာရပ်နိုင်ငံတွေ က စေ့စပ်ရေးမှူးတွေနဲ့ အီဂျစ်အစိုးရ အကြီးတန်းတာဝန်ရှိသူတွေက ကြိုးစားဖျောင်းဖြ နေကြပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြစခန်းတွေကို တနင်္လာနေ့မှာ စပြီး ဝင်ရောက်စီးနင်းဖို့ စိုင်းပြင်းနေတယ်ဆိုတဲ့ အမည်မဖော်လိုသူ အီဂျစ်တာဝန်ရှိသူရဲ့ အပြောကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေ က ဖော်ပြနေကြပါတယ်။

အီဂျစ်ကြားဖြတ်အစိုးရခေါင်းဆောင်တွေက အစ်နေ့ အလုပ်အားလပ်ရက်ပြီးရင် ထိုင်သပိတ် ဆန္ဒပြသူတွေကို လူစုခွဲမယ်လို့ ထပ်ခါတလဲလဲ သတိပေးထား ခဲ့ပြီး ဖြစ်ပါတယ်။
XS
SM
MD
LG