သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာထူး အဖယ်ခံရတဲ့ အီဂျစ် ရှေ့နေချုပ်ကို ပြန်ခန့်

အီဂျစ် ရှေ့နေချုပ် Abdel Maguid Mahmoud ကိုင်ရိုမြို့ ရုံးခန်းမှာ သတင်းထောက်များနဲ့ တွေ့ဆုံစဉ်။ (အောက်တိုဘာလ ၁၃ ရက်၊ ၂၀၁၂)။
အီဂျစ် ရှေ့နေချုပ် Abdel Maguid Mahmoud ကိုင်ရိုမြို့ ရုံးခန်းမှာ သတင်းထောက်များနဲ့ တွေ့ဆုံစဉ်။ (အောက်တိုဘာလ ၁၃ ရက်၊ ၂၀၁၂)။
အီဂျစ်နိုင်ငံမှာ ရာထူးကဖယ်ရှားခံခဲ့ရတဲ့ ရှေ့နေချုပ် အက်ဘ်ဒယ် မာဂွစ်က် မာမွတ် (Abdel Maguid Mahmoud) ကို ရာထူးမှာပြန်ပြီး ခန့်အပ်ဖို့ တရားရုံးချုပ် တရားစီရင်ရေး ကောင်စီရဲ့ မေတ္တာရပ်ခံချက် အရ သမ္မတ မိုဟာမတ်မော်စီ (Mohamed Morsi) က မနေ့က စနေ နေ့က သဘောတူညီလိုက်ပါတယ်။ အစိုးရ အုပ်ချုပ်ရေးအဖွဲ့က အရာရှိတွေနဲ့ တရားရေးဌာနက အရာရှိတွေကြားမှာ သဘောတူညီမှု ရခဲ့တယ်လို့လည်း နှစ်ဘက်လုံးက ပြောကြပါတယ်။

သောကြာနေ့က သမ္မတရဲ့အမိန့်နဲ့ သူ့ကို ရှေ့နေချုပ် ရာထူးကနေ ဖယ်ရှားခဲ့ပေမဲ့လည်း မနေ့က စနေနေ့က မစ္စတာ အက်ဘ်ဒူမာဂွစ်က် မာမွတ် ကတော့ တရားသူကြီးတွေ၊ အစိုးရရှေ့နေတွေ ရာပေါင်းများစွာ ခြံရံပြီးတော့ ရှေ့နေချုပ်ရုံးမှာ လာပြီး ရုံးတက်ခဲ့ပါတယ်။ ဒီလို သမ္မတရဲ့ အမိန့်ကို အာခံခဲ့တဲ့ မစ္စတာ မာမွတ်ကို ထောက်ခံသူများစွာက ရှေ့နေချုပ်ရုံး အပြင်ဘက်ကနေ ထောက်ခံ ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ မာမွတ်သာ ရှေ့နေချုပ် အဖြစ်က နုတ်ထွက်ရမယ်ဆိုရင် မိုဟာမတ်မော်စီ ဟာလည်း သမ္မတအဖြစ်က နုတ်ထွက်ရလိမ့်မယ်လို့ ဆန္ဒပြသူတွေက ပြောဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG