သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အဓိကရုဏ်း ဆန္ဒပြသူ အနည်းဆုံး ၇ ဦးသေဆုံး


အီဂျစ်အဓိကရုဏ်း ဆန္ဒပြသူ အနည်းဆုံး ၇ ဦးသေဆုံး
အီဂျစ်အဓိကရုဏ်း ဆန္ဒပြသူ အနည်းဆုံး ၇ ဦးသေဆုံး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက ပစ်ခတ်နှိမ်နှင်းတာကြောင့် ၂ ရက်အတွင်း သေဆုံးသူ ၇ ဦးရှိသွားပြီလို့ အေပီသတင်းဌာနက ပြောပါတယ်။ ဒဏ်ရာရသူ ၁,၀၀၀ ကျော်သွားခဲ့ပါပြီ။

ဆန္ဒပြသူတွေကတော့ လုံခြုံရေးတပ်တွေက လူစုခွဲပြီးနောက်ပိုင်း အခုတညလုံး တဟီရာရင်ပြင်မှာ ပြန်ပြီး နေရာယူစုဝေးနေကြပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ကိုင်ရိုမြို့က တဟီရာရင်ပြင်မှာ သပိတ်စခန်းဖွင့်ဖို့ ကြိုးစားနေတာကို ရဲက နံပါတ်တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး အစောပိုင်းက လူစုခွဲခဲ့ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတော်ဖွဲ့စည်းပုံသစ်ထဲက တချို့ စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေကို အရပ်ဘက်က ကိုင်တွယ်ခွင့် မရအောင် ဆောင်ရွက်ဖို့ကြိုးပမ်းတဲ့အပေါ်မှာ အခုလက်ရှိ စစ်ကောင်စီကို အီဂျစ်ပြည်သူအတော်များများက ဒေါသဖြစ်ခဲ့ကြတာပါ။ သမ္မတဟောင်း ဟိုစနီမူဘာရက်ပြုတ်ကျပြီးကတည်းက လက်ရှိစစ်ကောင်စီက အီဂျစ်အုပ်ချုပ်ရေးကို ယာယီတာဝန်ယူထားတာပါ။

အဲဒီဖွဲ့စည်းအုပ်ချုပ်ပုံမှာ မူကြမ်းအချက်အလက်အရဆိုရင် အရပ်ဘက်က အတိုက်အခံတွေကို စစ်ခုံရုံးတွေမှာ စစ်ဆေးဆောင်ရွက်ခွင့် ရဖို့အတွက် စစ်ခေါင်းဆောင်ပိုင်းက ပြင်ဆင်နေတယ်လို့ ဝေဖန်နေကြပါတယ်။

XS
SM
MD
LG