အီဂျစ်နိုင်ငံမှာ လူ၂၄ ဦးမက သေဆုံးခဲ့ရတဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေနဲ့ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ သုံးရက်ကြာ ဖြစ်ပွားပြီးတဲ့နောက်မှာ ကြားဖြတ် အရပ်သား ၀န်ကြီးအဖွဲ့က နုတ်ထွက်စာ တင်သွားပါတယ်။
ဒီလို နုတ်ထွက်စာတင်ပြီး နောက်တစ်ရက်မှာပဲ အီဂျစ်ရဲ့ အာဏာရ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ကောင်စီက နိုင်ငံရဲ့ နိုင်ငံရေးအဖွဲ့တွေနဲ့ ပဋိပက္ခဖြေရှင်းရေး ပြောဆိုဆွေးနွေးကြဖို့ တောင်းဆိုသွားပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို သုံးသပ်ပြီး ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရေးအတွက် အမျိုးသား ဆွေးနွေးပွဲတစ်ခု လုပ်ဆောင်ဖို့ တောင်းဆိုပြီး အားလုံး တည်တည်ငြိမ်ငြိမ် ရှိကြဖို့ စစ်ကောင်စီက မနေ့ညပိုင်းမှာ ကြေညာချက် ထုတ်ပြန်သွားတာဖြစ်ပါတယ်။