အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရဲ့ တဟီရာရင်ပြင်မှာ သောကြာနေ့က အီဂျစ်နိုင်ငံသား သောင်းနဲ့ချီပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိအာဏာရ စစ်အစိုးရက ၀န်ကြီးချုပ်သစ် ခန့်အပ်ခဲ့ပေမဲ့ လူထုက ဖိအားပေး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ခေါင်းဆောင်ပိုင်းက လိုက်လျောမှုတွေ တသီကြီး ပြုလုပ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့တစ်ပတ်အတွင်း ဆန္ဒပြသူတွေ တိုးလာခဲ့ပါတယ်။
နိုင်ငံတ၀ှမ်း ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် ဆန္ဒပြမှုတွေမှာ အနည်းဆုံး ၄၁ ဦး သေဆုံခဲ့ရပါတယ်။ တနင်္လာနေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ စတင်နိုင်ဖို့အတွက် အီဂျစ်နိုင်ငံက ပြင်ဆင်နေချိန်မှာပဲ အခုလို မငြိမ်သက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
လူထုအုံကြွမှုကြီးကြောင့် ဖေဖော်ဝါရီလထဲမှာ သမ္မတဟောင်း ဟိုစနီမူဘာရက် နုတ်ထွက်ခဲ့ပြီးနောက်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။