သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်စစ်ကောင်စီ ပြုပြင်ရေးသမားတွေနဲ့ ဆွေးနွေး


အီဂျစ်စစ်ကောင်စီ ပြုပြင်ရေးသမားတွေနဲ့ ဆွေးနွေး
အီဂျစ်စစ်ကောင်စီ ပြုပြင်ရေးသမားတွေနဲ့ ဆွေးနွေး

အီဂျစ်နိုင်ငံမှာ ယာယီအုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်တွေက ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ နိုင်ငံရေးသမားတွေ၊ တတ်သိပညာရှင်တွေနဲ့ စီးပွားရေးသမားတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က တွေ့ဆုံပြီး အရပ်သား အုပ်ချုပ်တဲ့ အစိုးရကို အာဏာလွှဲပြောင်းပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီအဖွဲ့ထဲမှာ အီဂျစ် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုမှာ အထင်ကရဖြစ်တဲ့ မစ္စတာ မိုဟာမက် အယ်လ်ဘာရာဒေး (Mohamed ElBaradei) နဲ့ အီဂျစ်သမ္မတအဖြစ် ဝင်ရောက် အဝေးခံသင့်တယ်လို့ အများက ထင်ကြေးပေးနေကြတဲ့ အာရပ်အဖွဲ့ချုပ် အကြီးအကဲ အာမာ မူဆာ (Amr Moussa) တို့လည်း ပါဝင်ပါတယ်။

အဲဒီအစည်းအဝေးမှာ အဓိကထား ဆွေးနွေးခဲ့ကြတာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ရွေးကောက်ပွဲ ကျင်းပရမယ့်ရက် သတ်မှတ်ရေးတို့ ဖြစ်ပါတယ်။

သမ္မတ ရွေးကောက်ပွဲကို အရင်လုပ်ရမလား၊ ပါလီမန် ရွေးကောက်ပွဲတွေကိုပဲ အရင်လုပ်ရမလား ဆိုတာကိုတော့ အီဂျစ် ယာယီအစိုးရက မဆုံးဖြတ်ရသေးပါဘူးလို့ သတင်းမီဒီယာတွေက ပြောပါတယ်။

တချို့က သမ္မတ ရွေးကောက်ပွဲတွေကို ပါလီမန် ရွေးကောက်ပွဲ မတိုင်မီ အရင် ကျင်းပဖို့ လိုလားကြပါတယ်။ ဒါမှ နိုင်ငံရေးပါတီ တခုခုက နိုင်ငံရေးမှာ ကြီးစိုးတာမျိုးကို ရှောင်ရှားနိုင်မှာလို့ ဆိုပါတယ်။

အရင်လက လူထုအုံကြွမှုကြီးကြောင့် သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) နှုတ်ထွက်သွားပြီး ကတည်းက အီဂျစ်စစ်တပ် ထိပ်တန်းကောင်စီက တိုင်းပြည်ကို ယာယီ အုပ်ချုပ်ပေးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG