သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်မှု မူဘာရက်ကို ငွေဒဏ်ချမှတ်


ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်မှု မူဘာရက်ကို ငွေဒဏ်ချမှတ်
ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်မှု မူဘာရက်ကို ငွေဒဏ်ချမှတ်

ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) နဲ့ သူ့ရဲ့ ဝန်ကြီးဟောင်း ၂ ယောက်ကို အီဂျစ်နိုင်ငံ လူထုအုံကြွမှုအတွင်း လူထုဆက်သွယ်ရေး စနစ်တွေကို ဖြတ်တောက်ခဲ့တဲ့အတွက် အီဂျစ်တရားရုံးက ဒေါ်လာ သန်း ၉၀ ပေးလျော်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အီဂျစ်နိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ အချိန်မှာ အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး စနစ်တွေကို ဖြတ်တောက်ခဲ့တဲ့အတွက် အီဂျစ်နိုင်ငံရဲ့ စီးပွားရေးကို ပျက်စီးစေခဲ့လို့ သမ္မတ မူဘာရက်နဲ့ ဝန်ကြီးချုပ်ဟောင်း အာမက် နာဇစ် (Ahmed Nazif)၊ ပြည်ထဲရေးဝန်ကြီး အက်ဒ်လီ (Habib el-Adly) တို့ကို ရုံးတော်က အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

မစ္စတာ မူဘာရက်က ဒေါ်လာ ၃၃ သန်း၊ မစ္စတာ နာဇစ်က ဒေါ်လာ ၇ သန်းနဲ့ မစ္စတာ အက်ဒ်လီက ဒေါ်လာ သန်း ၅၀ ကျော် ပေးလျော်ဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံမှာ လုပ်ငန်း လုပ်ကိုင်ကြတဲ့ တခြား တယ်လီဖုန်းနဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေ အနေနဲ့ အစိုးရ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာပြီး ဆန္ဒပြပွဲတွေနဲ့ လူထုအုံကြွမှု အရှိန်အဟုန် မြင့်နေချိန်မှာ ဆက်သွယ်ရေး စနစ်တွေကို ဖြတ်တောက်ခဲ့ရတယ်လို့ Vodafone ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ရှိသူက ပြောဆိုပါတယ်။

ဆန္ဒပြပွဲတွေ အတွင်းမှာ တက်ကြွလှုပ်ရှားသူတွေဟာ လူမှုဆက်သွယ်ရေး ကွန်ရက်တွေကတဆင့် လူထု ချီတက်ပွဲတွေကို စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

မူဘာရက် အစိုးရဟာ ဆက်သွယ်ရေး စနစ်တွေကို ပထမဆုံးအကြိမ် အကြီးအကျယ် ဖြတ်တောက်ခဲ့ကြတယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ချပါတယ်။

XS
SM
MD
LG