သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၃၀ ကြာ အရေးပေါ် အခြေအနေ ရုပ်သိမ်းရေး အီဂျစ် ပြင်ဆင်

နှစ် ၃၀ ကြာ အရေးပေါ် အခြေအနေ ရုပ်သိမ်းရေး အီဂျစ် ပြင်ဆင်
နှစ် ၃၀ ကြာ အရေးပေါ် အခြေအနေ ရုပ်သိမ်းရေး အီဂျစ် ပြင်ဆင်

အီဂျစ်နိုင်ငံမှာ ဆယ်စုနှစ် ၃ ခုကြာ ရှိနေခဲ့တဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေကို အဆုံးသတ်ဖို့ ခြေလှမ်းတွေကို အီဂျစ်နိုင်ငံက စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအချက်ဟာ သမ္မတဟောင်း ဟော်စနီ မူဘာရက်ခ် (Hosni Mubarak) ပြုတ်ကျတဲ့အထိ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေရဲ့ အဓိက တောင်းဆိုချက် ဖြစ်ပါတယ်။

အရေးပေါ် အမိန့်တွေကို အစားထိုးနိုင်မယ့် ဥပဒေတွေနဲ့ လုပ်ငန်း ယန္တရားတွေကို အစိုးရအဖွဲ့က စတင်ဖော်ဆောင်နေပြီလို့ ဒုတိယဝန်ကြီးချုပ် အလီ အယ်လ် ဆယ်လ်မီ (Ali El-Selmi) ကြာသပတေးနေ့က ပြောတာကို ကိုးကားပြီး The Al-Ahram သတင်းစာက ဖော်ပြပါတယ်။

နိုင်ငံတော် အရေးပေါ် အခြေအနေက အာဏာပိုင်တွေကို ပြည်သူတွေအပေါ် ဖမ်းဆီးတာတွေ၊ အဲဒီ ဖမ်းထားတဲ့ လူတွေကို တရားမစွဲဘဲ အချိန်အကြာကြီး ထိန်းသိမ်းထားတာတွေ လုပ်ဖို့ အခွင့်အာဏာတွေ ပေးထားပါတယ်။

မစ္စတာ မူဘာရက်ခ်ဟာ ၁၉၈၁ ခုနှစ်က အရင်သမ္မတဟောင်း အန်န်ဝါ ဆဒတ် (Anwar Sadat) လုပ်ကြံခံရပြီးတဲ့နောက် သူသမ္မတဖြစ်ပြီး သိပ်မကြာခင်မှာ အဲဒီ နိုင်ငံတော် အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကတော့ ဒီ နိုင်ငံတော် အရေးပေါ် အခြေအနေဟာ တိုင်းပြည်အုပ်ချုပ်ရေးစနစ်ကို လူတစုက ထိန်းချုပ်ထားတဲ့ အချိန်မှာ ဖြစ်လာတဲ့ မကောင်းတဲ့ စနစ်တခု ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောလိုက်ပါတယ်။ အဲဒီစနစ်ကြောင့် လူထောင်ပေါင်းများစွာဟာ တရားစွဲဆိုခြင်း မခံရဘဲ နှစ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

This item is part of
XS
SM
MD
LG