သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ခေါင်းဆောင်ဟောင်းအပေါ် တရားစွဲဆို စစ်ဆေးမှု ပြန်လည်စတင်


အီဂျစ် ခေါင်းဆောင်ဟောင်းအပေါ် တရားစွဲဆို စစ်ဆေးမှု ပြန်လည်စတင်
အီဂျစ် ခေါင်းဆောင်ဟောင်းအပေါ် တရားစွဲဆို စစ်ဆေးမှု ပြန်လည်စတင်

အီဂျစ်နိုင်ငံ ခေါင်းဆောင်ဟောင်း ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ကို ကြားနာစစ်ဆေးမှုတွေ ကိုင်ရိုမြို့တော်က တရားရုံးမှာ ဒီကနေ့ ပြန်လည် စတင်လိုက်ပြီး ထိပ်တန်း ရဲအရာရှိ တဦးနဲ့ တခြား အတော်များများရဲ့ ထွက်ဆိုချက်တွေကို ကြားနာသွားဖို့လည်း စီစဉ်ထားပါတယ်။ သမ္မတဟောင်း မူဘာရက်ခ်ကတော့ တရားခွင်ကို လူနာတင် ကုတင်နဲ့ တက်ရောက်လာခဲ့တာပါ။

တရားရုံး ပြင်ပမှာတော့ ရဲတွေကို ခဲနဲ့ ပစ်ပေါက်ကြသူတွေ ရှိခဲ့တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြနေသူတွေကြား ရုန်းရင်းဆန်ခတ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ ကြားနာစစ်ဆေးမှုတွေကိုတော့ ပြီးခဲ့တဲ့ ၂ ခေါက်တုန်းကလို ရုပ်မြင်သံကြားကတဆင့် ပြသတာမျိုး မရှိခဲ့ပါဘူး။

အရင်ကြားနာမှုတွေ အတွင်းမှာတော့ မစ္စတာ မူဘာရက်ခ်ကို သား ၂ ယောက် ဘေးမှာထားပြီး အချုပ်ခန်း သံဆန်ခါ နောက်ကွယ်က ဆေးရုံကုတင်ပေါ်မှာ တွေ့မြင်ခဲ့ကြရတာပါ။

ရုပ်မြင်သံကြားကနေ တရားခွင်ကို တိုက်ရိုက်ထုတ်လွှင့် ပြသနေတာတွေကို ရပ်ဖို့အတွက် ပြီးခဲ့တဲ့ လထဲမှာပဲ အမှုကို ကြားနာစစ်ဆေးနေတဲ့ တရားသူကြီးက အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သူ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့အထိ ကြုံခဲ့ရတဲ့ ဒီနှစ်ဆန်းပိုင်း ဆန္ဒပြ အုံကြွမှုတွေအတွင်း လူပေါင်း ၈၅၀ သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စကို သူအမိန့်ပေးခဲ့တယ်လို့ စွပ်စွဲထားတာကိုတော့ အီဂျစ်နိုင်ငံ ခေါင်းဆောင်ဟောင်းက သူ့မှာ အပြစ်မရှိတဲ့အကြောင်း ငြင်းဆန်ထားတာပါ။ ဒီအမှုအပြင် သမ္မတဟောင်း မူဘာရက်ခ်ဟာ အကျင့်ပျက် ခြစားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG