သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ရဲနဲ့ မူဆလင်ညီအကို ထောက်ခံသူအကြား ရုန်းရင်းဆန်ခတ်ဖြစ်


မျက်နှာဖုံးတပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ သမ္မတဟောင်းမော်စီကို ထောက်ခံသူတွေ Al-Azhar တက္ကသိုလ်အတွင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြစဉ်။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၃)
မျက်နှာဖုံးတပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ သမ္မတဟောင်းမော်စီကို ထောက်ခံသူတွေ Al-Azhar တက္ကသိုလ်အတွင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြစဉ်။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၃)
အီဂျစ်နိုင်ငံမှာ တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ Muslim Brotherhood အဖွဲ့ကို ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား
ကိုင်ရိုမြို့တော်မှာ စနေနေ့က အထိကရုဏ်းဖြစ်ခဲ့ပါတယ်။ Al-Azhar တက္ကသိုလ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ကျောင်းသားတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ အစိုးရသတင်းမီဒီယာက ထုတ်ပြန်ပါတယ်။

ဆန္ဒပြသူတော်တော်များများလည်း အဖမ်းခံခဲ့ရပါတယ်။ တက္ကသိုလ် အဆောက်အဦးတခုကို ဆန္ဒပြသူတွေက မီးရှို့ခဲ့ပြီး လုံခြုံရေးတွေကို ခဲတွေနဲ့ ပေါက်ခဲ့တဲ့အတွက် လုံခြုံရေးတွေဘက်က မျက်ရည်ယိုဗုံးတွေနဲ့ ပြန်ပစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တက္ကသိုလ်စာမေးပွဲတွေစတင်တဲ့နေ့မှာ ခုလို အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာပါ။

ကိုင်ရိုမြို့တော်ထဲမှာ ရှိတဲ့ Al Azhar တက္ကသိုလ်ဟာ အစ္စလာမ်ဘာသာနဲ့ပတ်သက်လို့သင်ကြားတဲ့ ဆူနီမွတ်ဆလင်တို့ရဲ့ နာမည်ကျော်တက္ကသိုလ် ဖြစ်ပါတယ်။ သောကြာနေ့တုန်းကလည်း အီဂျစ်နိုင်ငံတဝန်း ဆန္ဒပြမှုတွေအတွင်း ၅ ယောက်သေဆုံးပြီး ရာနဲ့ချီ အဖမ်းခံခဲ့ရပါတယ်။

Muslim Brotherhood အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဆန္ဒပြကြဖို့ Muslim Brotherhood
အဖွဲ့က ဆော်သြခဲ့ပြီးနောက်မှာ ဆန္ဒပြသူအများအပြား လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
XS
SM
MD
LG