သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြပွဲ အရှေ့အလယ်ပိုင်းလူထုကို ဂယက်ရိုက်


အီဂျစ်ဆန္ဒပြပွဲ အရှေ့အလယ်ပိုင်းလူထုကို ဂယက်ရိုက်

အီဂျစ်နဲ့ တူနီးရှားနိုင်ငံမှာ သမ္မတတွေ ပြုတ်ကျတဲ့အထိ လူထုရဲ့ကြွေးကြော်သံက ထိရောက်ခဲ့တာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ လူထုဆန္ဒပြပွဲ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုက အယ်လ်ဂျီးရီးယား၊ ယေမင်နဲ့ ဘာရိန်းနိုင်ငံက လူထုကို ကူးစက်သွားပါပြီ။ အယ်လ်ဂျီးရီးယား နိုင်ငံမြို့တော် အယ်လ်ဂျီးရက်စ်မြို့က လမ်းမတွေမှာ လူထုထောင်သောင်းချီ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေကြပါတယ်။

ယေမင်နိုင်ငံ ဆာနားမြို့မှာလည်း လူထုဆန္ဒပြနေကြပါတယ်။ ဘာရိန်းနိုင်ငံမှာလည်း တက်ကြွလှုပ်ရှားသူတွေက တနင်္လာနေ့ကစပြီး ဆန္ဒပြကြဖို့ စည်းရုံးနေပါတယ်။ ဘာရိန်းဘုရင်ကတော့ နိုင်ငံတ၀ှမ်းလုံးမှာရှိတဲ့ မိသားစု တိုင်းကို သူလေးစားတဲ့အနေနဲ့ ဒေါ်လာ ၁,၀၀၀ စီ ဆုချီးမြှင့်မယ်လို့ သောကြာနေ့က ကြေညာထားပါတယ်။

XS
SM
MD
LG