သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ပေါင်း ၄,၄၀၀ က ရှေးဟောင်း ဂူသချုႋင်း အီဂျစ်မှာတွေ့


This image taken from video, Feb. 3, 2018, shows wall paintings inside a 4,400-year-old tomb near the pyramids outside Cairo, Egypt. Egypt's Antiquities Ministry announced the discovery Saturday and said the tomb likely belonged to a high-ranking official
This image taken from video, Feb. 3, 2018, shows wall paintings inside a 4,400-year-old tomb near the pyramids outside Cairo, Egypt. Egypt's Antiquities Ministry announced the discovery Saturday and said the tomb likely belonged to a high-ranking official

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်အပြင်ဘက်နားလေးက Giza ကုန်းမြင့်ဒေသမှာရှိတဲ့ နာမည်ကျော် ပိရမစ်တွေနားမှာ နှစ်ပေါင်း ၄,၄၀၀ သက်တမ်းရှိတဲ့ သချုႋင်းဂူတခုကို ရှေးဟောင်းယဉ်ကျေးမှုပညာရှင်တွေ ရှာဖွေတွေ့ရှိလိုက်တယ်ဆိုတာ အီဂျစ်ရှေးဟောင်းအမွေ အနှစ်ဌာနက စနေနေ့မှာ ကြေညာပါတယ်။

ရှေးဟောင်းဘုရင့်ခေတ်က သချုႋင်းဂူတွေရှိတဲ့ Giza အနောက်ပိုင်း ရှေးဟောင်းသချုႋင်းမြေထဲက နေရာတခုမှာ အခုဂူကို ရှာတွေ့တာပါ။

ဒီဂူမှာ Hetpet လို့သိကြတဲ့ အမျိုးသမီးကို မြှုပ်ထားတာဖြစ်ဖွယ်ရှိပါတယ်။ အဲဒီအမျိုးသမီးဟာ ၅ ခုမြောက် ရှေးဟောင်း အီဂျစ် မင်းဆက်နဲ့ နီးစပ်သူဖြစ်တယ်လို့ ရှေးဟောင်းပညာရှင်တွေက ယူဆကြပါတယ်။

စနေနေ့က သတင်းမီဒီယာတွေကို ခေါ်ပြခဲ့တဲ့ဂူဟာ ရွှံ့စေးအုတ်နဲ့ ဆောက်ထားတာဖြစ်ပြီး အမဲလိုက် ငါးဖမ်း မြင်ကွင်းတွေကို Hetpet ကြည့်ရှုနေပုံအမျိုးမျိုးကို ပုံဖော်ထားတဲ့ နံရံဆေးရေးပန်းချီတွေ ပါပြီးတော့ အဲဒီပန်းချီတွေဟာ ကောင်းမွန်တဲ့ အနေ အထားမှာ ရှိနေပါသေးတယ်။

တခြားဆေးရေးပန်းချီတွေထဲမှာ မျောက်တကောင်ပုံလည်း ပါပါတယ်။ ဖာရိုးဘုရင်တွေခေတ်က မျောက်တွေကို သစ်သီးခူးဖို့ အတွက် အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူခဲ့ကြတာပါ။

အလားတူပုံဖော်ပန်းချီတွေကို ၁၂ ခု နှောင်းပိုင်း မင်းဆက်ခေတ်က ဂူတွေမှာလည်း တွေ့ရတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ နောက်ထပ် နံရံပန်းချီတခုမှာတော့ သံစုံတီးဝိုင်းတခုရှေ့မှာ မျောက်တကောင်ကနေတာကို ပုံဖော်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG