သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပြဿနာရဲ့ အန္တရာယ် အီဂျစ်စစ်တပ် သတိပေး


အီဂျစ်နိုင်ငံမှာ ဆန္ဒပြမှု ဆက်လက်ဖြစ်ပွား
အီဂျစ်နိုင်ငံမှာ ဆန္ဒပြမှု ဆက်လက်ဖြစ်ပွား
အီဂျစ်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဓိကရုဏ်းတွေကြောင့် နိုင်ငံပြုကွဲသွား နိုင်တယ်လို့ အီဂျစ်စစ်တပ် အကြီးအကဲ က သတိပေးလိုက်ပါတယ်။

အီဂျစ်ကာကွယ်ရေးဝန်ကြီး အဘ္ဘဒယ်လ် ဖါတာ အယ်လ်ဆစ်ဆီ (Abdel-Fattah el-Sissi) က စစ်တက္ကသိုလ် ဗိုလ်လောင်းတွေကို အင်္ဂါနေ့က မိန့်ခွန်းပြောကြားရာမှာ အဲဒီလို ထည့်သွင်းပြောဆို သွား တာပါ။

အစိုးရဆန့်ကျင်ရေး အဓိကရုဏ်းတွေဖြစ်ခဲ့တာကို နှိမ်နင်းနိုင်ဖို့အတွက် အီဂျစ်အစိုးရက နိုင်ငံအတွင်း မြို့ကြီးတချို့မှာ အရေးပေါ်အခြေအနေနဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ထား တာကို ဆန့်ကျင်ပြီး ရာနဲ့ချီတဲ့ အစိုးရ အတိုက်အခံ ဆန္ဒပြသူတွေဟာ ညဘက် လမ်းမတွေပေါ်ထွက် စုရုံးခဲ့ကြ ပြီး နောက်တနေ့မှာ အခုလို ပြောဆိုချက်ထွက်ပေါ်လာ တာပါ။

ပို့ဆဒ်၊ အစ္စလမ်မီးယား နဲ့ ဆူးအက်ဇ် မြို့တွေမှာ ပထမဆုံးအကြိမ်အဖြစ် ညမထွက်ရအမိန့်ကို တနင်္လာနေ့ ညမှာ စတင် ထုတ်ပြန်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေ ကြေညာချက်ကိုတော့ သမ္မတ မိုဟာမက် မော်ဆီ (Mohamed Morsi ) က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

အနည်းဆုံး တလ ကြာမြင့်မယ့် အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး မြို့ကြီးတော်တော်များများက ပြည်သူတွေဟာ တနင်္လာနေ့တနေ့လုံး မကျေမနပ်ဖြစ် ပြီး ဒေါသထွက်နေကြပါတယ်။

ကိုင်ရိုမြို့တော်မှာ ဆန္ဒပြသူတွေက လုံခြုံရေးရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြ သလို ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လှန်ပစ်ခတ်ခဲ့ကြပါတယ်။ ပို့ဆာ့ဒ် မြို့မှာလည်း အဓိကရုဏ်းတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။
XS
SM
MD
LG