သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်နိုင်ငံ နှစ်ကူးဆုတောင်းပွဲ ဗုံးကွဲမှု လူ ၂၁ ဦး သေဆုံး


အီဂျစ်နိုင်ငံ နှစ်ကူးဆုတောင်းပွဲ ဗုံးကွဲမှု လူ ၂၁ ဦး သေဆုံး
အီဂျစ်နိုင်ငံ နှစ်ကူးဆုတောင်းပွဲ ဗုံးကွဲမှု လူ ၂၁ ဦး သေဆုံး

ကမ္ဘာတဝှမ်း နှစ်သစ်ကို ကြိုနေကြချိန်မှာပဲ အီဂျစ်နိုင်ငံမြောက်ပိုင်းက အလက်ဇန်းဒရီးယား မြို့မှာရှိတဲ့ ကော့ပ်တစ် ခရစ်ယာန် ဘုရားကျောင်းဝန်းထဲမှာ နှစ်ဆန်း ၁ ရက်ထဲဝင်ကာစ နာရီဝက်လောက်မှာပဲ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၁ ဦးထက်မနည်း သေဆုံးစေခဲ့ပါတယ်။

ဗုံးဖောက်ခွဲသူဟာ အသေခံဗုံး ဖောက်ခွဲသူဖြစ်နိုင်တယ်လို့ အီဂျစ်အရာရှိတွေက ပြောပါတယ်။ အစပိုင်းမှာတော့ ဒီဗုံးဖောက်ခွဲမှုဟာ ကားဗုံးပေါက်ကွဲတာကြောင့် ဖြစ်ရမယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ အီဂျစ်ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ဒီဗုံးပေါက်ကွဲမှုမှာ နိုင်ငံရပ်ခြားက ပါဝင်ပတ်သက်နိုင်တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ပြောပါတယ်။

ဒီဒေသမှာနေထိုင်တဲ့ ကော့ပ်တစ်တွေရော၊ မူစလင်တွေပါ ပါဝင်တဲ့ ဘာသာပေါင်းစုံ ကိုးကွယ်ကြတဲ့ နိုင်ငံသားတွေအနေနဲ့ နှစ်ဆန်း ၁ ရက်နေ့ ဗုံးဖောက်ခွဲတာ အပါအဝင် အကြမ်းဖက်မှုတွေကို ဆန့်ကျင်သွားကြဖို့အတွက် အီဂျစ်သမ္မတ ဟိုစနီ မူဘာရက် က ပြည်သူတွေကို တိုက်တွန်း လိုက်ပါတယ်။ ဒီဒေသမှာနေထိုင်တဲ့ ခရစ်ယာန်နဲ့ မူစလင်တွေအကြား အဓိကရုဏ်းတွေ အများအပြား ဖြစ်ပွားခဲ့ပြီး အခုတိုက်ခိုက်မှု အတွက်တော့ ဘယ်သူကလုပ်ဆောင်တယ်ဆိုတာကို တာဝန်ယူပြောဆိုခြင်း မရှိသေးပါဘူး။

XS
SM
MD
LG