သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတ မော်စီ လုပ်ပိုင်ခွင့် တိုးယူမှုအပေါ် ကန့်ကွက်ဆန္ဒပြ


အီဂျစ်နိုင်ငံတွင်း ဆန္ဒပြမှုများဖြစ်ပွားနေစဉ်။ ( နိုဝင်ဘာ ၂၃၊ ၂၀၁၂။)
အီဂျစ်နိုင်ငံတွင်း ဆန္ဒပြမှုများဖြစ်ပွားနေစဉ်။ ( နိုဝင်ဘာ ၂၃၊ ၂၀၁၂။)
အီဂျစ်သမ္မတ မိုဟာမက်မော်စီရဲ့ ပိုင်ခွင့်အာဏာ အသစ် ရယူပြိး တရက်အကြာ မှာ ဘဲ၊ နိုင်ငံရဲ့ မြို့တော်တော်များများမှာရှိတဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ ရဲ့ ရုံးခန်း တွေကို အတိုက်အခံ အဖွဲ့ထောက်ခံသူတွေက မီးတင်ရှို့ခဲ့ကြပါတယ်။

ဒီအမိန့် decree အသစ်အရ သမ္မတမော်စီရဲ့ အစ္စလာမ်မစ် မဟာမိတ်အဖွ့ဲတွေလွှမ်းမိုးထားတဲ့ ပါလီမာန်လွှတ်တော်ထဲမှာအထက်လွတ်တော်ကို တရားဥပဒေအရဖျက်သိမ်းခွင့်နဲ့ အခြေခံဥပဒေမူကြမ်းအသစ်ရေးဆွဲခွင့်တွေကို တားမြစ်နိုင်တဲ့ အာဏာကို သမ္မတကပိုင်ဆိုင်မှာဖြစ်ပါတယ်။ ဒီအမိန့်ထွက်အပြီး Ismailia , Port Said နဲ့ ှSuez စတဲ့ Suez တူးမြောင်း မြို့တော် တွေမှာ ရှိတဲ့ မူစလင် ညီအကိုတော်များ အဖွဲ့ ရုံးခန်းတွေကို မီးရှို့ခံခဲ့ရတာဖြစ်တယ် လို့ နိုင်ငံပိုင်သတင်းတွေကဖော်ပြကြပါတယ်။

တော်လှန်ပုန်ကန်မှု ကာကွယ် ရေး အတွက်အကြောင်းပြချက်နဲ့ သမ္မတ မော်စီရဲ့ လုပ်ပိုင်ခွင့် အာဏာ တိုးမြှင့်လိုက်တဲ သတင်း ထွက်ပေါ်လာအပြီး သောကြာနေ့ ကိုင်ရိုမြို့ Tahrir ရင်ပြင် မှာဆန္ဒပြသူတွေ စုရုံးခဲ့ကြတာဖြစ်ပါတယ်။ ဒီကျေညာချက်ဟာ တရားမဝင်ဘူးလို့ အတိုက်အခံအဖွဲ့ဝင်တွေကပြောဆိုလိုက်ပါတယ်။

Mr. Morsi အနေနဲ့ အီဂျစ်ဖာရိုဘုရင် အသစ် တဦး လို ကိုယ်ကိုကိုယ် ကျေညာလိုက်တာဖြစ်တယ် လို့ သောကြာနေ့ဆန္ဒပြပွဲတက်ရောက်ဖို့ ရှိတဲ့ အတိုက်အခံခေါင်းဆောင် နိုဘဲငြိမ်းချမ်းရေးဆုရှင် Mohamed Elbaradai က ပြောဆိုလိုက်ပါတယ်။

ကုလ Nuclear စွမ်းအင်အေဂျင်စီအကြီးအကဲဟောင်းနဲ့ သဘောထားပျော့ပြောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးကလဲ သမ္မတမော်စီဟာ နိုင်ငံရဲ့ အာဏာကို ထိမ်းချုပ်ဖို့ ဆောင်ရွက်လိုက်တာဖြစ်ပြီး နောက်ဆက်တွဲပြသာနာတွေရင်ဆိုင်ရနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ လောလော ဆယ် မှာ တော့ မူစလင်ညီအကို တော်များအဖွဲ့ ကို ထောက်ခံသူ ဟာ သမ္မတကိုထောက်ခံဖို့ ကိုင်ရိုမြို့တော်က သမ္မတနန်းတော်အြပ်င်ဖက်မှာ စုရုံးဆန္ဒပြနေကြပါတယ်။သောကြာနေ့နှောင်းပိုင်းမှာ သမ္မတမော်စီကပြည်သူတွေကို မိန့်ခွန်းပြောဖို့ရှိပါတယ်။ မနှစ်က သမ္မတမူဘာရက်ကို ဆန့်ကျင်ခဲ့တဲ့ လူထုအုံကြွမှုကို အကြမ်းဖက်နှိမ်နင်းမှုမှာ တာဝန်ရှိခဲ့တဲ့အရင်အစိုးရအရာရှိဟောင်းတွေကို ပြန်ပြီးတရားစစ်ဆေးဖို့ ကို သမ္မတမော်စီကအမိန့်ထုတ်ခဲ့ပါတယ်။
XS
SM
MD
LG