အီဂျစ်နိုင်ငံမှာ မူဆလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့ အီဂျစ်စစ်တပ်က ဖွဲ့ပေးထားတဲ့ အီဂျစ်ယာယီအစိုးရက တရားဝင် သတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်တုန်းက လူ ၁၅ ဦး သေဆုံးခဲ့ရတဲ့ ရဲဌာနချုပ် ဗုံးခွဲခံရမှုမှာ မူဆလင်ညီအကိုတော်များအဖွဲ့ လက်ချက်ဖြစ်တယ်လို့ အီဂျစ်အစိုးရက စွပ်စွဲခဲ့ပါတယ်။
အခုလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တာကြောင့် မူဆလင်ညီအကိုတော်များအဖွဲ့အနေနဲ့ ဆန္ဒပြမှုတွေအပါအဝင် အဖွဲ့အစည်းလှုပ်ရှားမှု လုပ်ငန်းတွေအားလုံးကို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ အီဂျစ်အစိုးရဝန်ကြီးတဦးက ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်အဖွဲ့အစည်တရပ်မှာ ပါဝင်တဲ့ အဖွဲ့ဝင်တိုင်းကို အာဏာပိုင်တွေအနေနဲ့ အရေးယူ စွဲချက်တင်နိုင်တဲ့ အာဏာလည်း သက်ရောက်သွားပါတယ်။
အီဂျစ်နိုင်ငံမှာ ဇူလိုင်လအတွင်းက သမ္မတမော်စီကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်၊ စစ်တပ်ကနေ မူဆလင်ညီအကိုတော်များအဖွဲ့ကို နှိမ်နင်းလာရာမှာ အခု နောက်ဆုံး ဒီအခြေအနေဟာ အဆိုးဆုံး တင်းမာမှုဖြစ်လာပါတယ်။ အီဂျစ်နိုင်ငံ နိုင်းမြစ်ဝကျွန်းပေါ်က Mansoura မြို့မှာရှိတဲ့ ရဲဌာနချုပ် ဗုံးခွဲတိုက်ခိုက်ခံရပြီး နောက်တနေ့မှာပဲ၊ မူဆလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အီဂျစ်အစိုးရအဖွဲ့ကနေ ကြေညာလိုက်တာဖြစ်ပါတယ်။