သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်မှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပွား


အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လယ်တွင် သမ္မတ ဟို့စ်နီ မူဘာရက်ကို ဆန့်ကျင် ဆန္ဒပြနေကြစဉ်။ ဇန်နဝါရီ ၂၅၊ ၂၀၁၁။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လယ်တွင် သမ္မတ ဟို့စ်နီ မူဘာရက်ကို ဆန့်ကျင် ဆန္ဒပြနေကြစဉ်။ ဇန်နဝါရီ ၂၅၊ ၂၀၁၁။

အီဂျစ်နိုင်ငံမှာ ရာစုနှစ် တော်တော်များများ ကြာခဲ့တဲ့ သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ပေးဖို့ ထောင်ချီတဲ့ ဆန္ဒပြသူတွေဟာ လမ်းမတွေပေါ်မှာ စုဝေး တောင်းဆိုခဲ့ကြတဲ့အတွက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အစိုးရ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီ ပဋိပက္ခတွေမှာ လူ ၃ ယောက် သေဆုံးခဲ့ရတယ်လု့ိ အစိုးရ အရာရှိတွေဘက်က ပြောပါတယ်။ ကိုင်ရိုက ဆန္ဒပြပွဲတွေမှာ အရာရှိတဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရာက သေဆုံးခဲ့ရပြီး ဆူအက်ဇ်က ဆန္ဒပြပွဲတွေမှာတော့ ဆန္ဒပြသူ ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရေပိုက်တွေ အသုံးပြုပြီး ခဲလုံးတွေနဲ့ ပစ်ပေါက်တဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံခြား သတင်းမီဒီယာတွေအရ အဲဒီ ဆန္ဒပြမှုတွေဟာ နှစ်ပေါင်း တော်တော်ကြာခဲ့တဲ့ အချိန်ကာလအတွင်း အီဂျစ်နိုင်ငံရဲ့ အကြီးမားဆုံး ဆန္ဒပြမှုတွေဖြစ်ပြီး စတင် ဆန္ဒပြတုန်းကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စခဲ့ကြတယ်လို့ ဆိုပါတယ်။

တူနီးရှားနိုင်ငံမှာ သမ္မတကို နိုင်ငံက ထွက်ပြေးစေခဲ့တဲ့ ဆန္ဒပြပွဲတွေ အပြီးမှာ အီဂျစ်ပြည်သူတွေက နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အခုလို ဆန္ဒပြပွဲတွေ ကျင်းပ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG