သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံသစ် အီဂျစ်လူထုထောက်ခံ


အီဂျစ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Abdel-Fattah el-Sissi ရဲ့ ဓာတ်ပုံကိုင်ပြီး ဗိုလ်ချုပ်စီစီကို သမ္မတဖြစ်စေချင်တယ်လို့ ပြောနေတဲ့ မဲဆန္ဒရှင်တစ်ဦး။ (ဇန်နဝါရီ ၁၅၊ ၂၀၁၄)
အီဂျစ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Abdel-Fattah el-Sissi ရဲ့ ဓာတ်ပုံကိုင်ပြီး ဗိုလ်ချုပ်စီစီကို သမ္မတဖြစ်စေချင်တယ်လို့ ပြောနေတဲ့ မဲဆန္ဒရှင်တစ်ဦး။ (ဇန်နဝါရီ ၁၅၊ ၂၀၁၄)
အီဂျစ်နိုင်ငံရဲ့ လူထုဆန္ဒခံယူပွဲကနေ ကနဦးထွက်လာတဲ့ ရလဒ်တွေအရ မဲဆန္ဒရှင်တွေဟာ အခြေခံဥပဒေအသစ်ကို တခဲနက် ထောက်ခံကြတယ်ဆိုတာ ပြနေတယ်လို့ အီဂျစ်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရက ထောက်ခံထားတဲ့ အခြေခံဥပဒေကို နှစ်ရက်ကြာ ဆန္ဒခံယူပွဲအတွင်း မဲပေးခဲ့ သူ ၉၀% ကျော်က သဘောတူတယ်ဆိုတာကို ကနဦးရလဒ်တွေက ပြနေတယ်လို့ တာဝန်ရှိသူတွေနဲ့ နိုင်ငံပိုင်သတင်းဌာနက ပြောတာပါ။

အခြေခံဥပဒေအသစ် အတည်ဖြစ်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ တရားဝင် ရလဒ်တွေကတော့ ဒီသီတင်းပတ် ကုန်ပိုင်းမှာမှ ထွက်လာမှာပါ။ ဗုဒ္ဓဟူးနေ့က မဲပေးပွဲတွေဟာ အများအားဖြင့် အေးအေးချမ်းချမ်းရှိခဲ့တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေက ပြောထားပါတယ်။

အင်္ဂါနေ့ကဖြစ်ခဲ့တဲ့ ဖြုတ်ချခံရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား အကြမ်းဖက်မှုတွေမှာတော့ လူ ၉ ထောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ အခု လူထုဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးဆိုပြီး သပိတ်မှောက်ကြဖို့ မစ္စတာမော်စီကိုလိုလားတဲ့ မူဆလင်ညီအကိုတော်များအဖွဲ့က အီဂျစ်နိုင်ငံသားတွေကို တိုက်တွန်းခဲ့ပါတယ်။

မစ္စတာမော်စီလက်ထက်မှာ အတည်ပြုခဲ့တဲ့ အစ္စလာမ်မစ်ဝါဒလိုလားတဲ့ အခြေခံဥပဒေကို အခု အခြေခံဥပဒေအသစ်နဲ့ အစားထိုး မှာပါ။ အစ္စလာမ်မစ်ဝါဒ စကားလုံးတွေကို ဖြုတ်ထားပြီး အမျိုးသမီးတွေကို အခွင့်အရေးတွေ ပိုပေးထားပြီးတော့ စစ်ဘက်အာဏာကို ပိုအားကောင်းအောင် ရေးထားပါတယ်။
XS
SM
MD
LG