သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတ ရွေးကောက်ပွဲ ဒုတိယအကြော့ စတင်

အီဂျစ်နိုင်ငံ သမ္မတရွေးကောက်ပွဲရဲ့ ၂ ရက်ကြာ တကြော့ပြန် ရွေးကောက်ပွဲတွေကို ပြိုင်ဖက် ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်ကြတဲ့ ဝန်ကြီးချုပ်ဟောင်း Ahmed Shafiq နဲ့ မူဆလင် ညီအကိုတော်များအဖွဲ့က ကိုယ်စားလှယ်လောင်း Mohamed Morsi တို့အကြား ဒီကနေ့ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အရင် သမ္မတဟောင်း Hosni Mubarak အစိုးရထက်အတွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Ahmed Shafiq ကို ဒီရွေးကောက်ပွဲမှာ အစ္စလာမ်မစ်ဝါဒီတွေ ကြီးစိုးထားတဲ့ အီဂျစ်လွှတ်တော်က ဝင်ရောက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုတဲ့အတွက် အီဂျစ် ဗဟိုတရားရုံးက လွှတ်တော်ကို ဖျက်သိမ်းလိုက်တဲ့ အတွက် နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့အချိန်မှာ ဒီရွေးကောက်ပွဲကို ကျင်းပတာလည်း ဖြစ်ပါတယ်။

အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ဥပဒေနည်းလမ်းအရ အရှုပ်အထွေးတွေ ရှိခဲ့တဲ့အတွက်ဆိုပြီး အစ္စလာမ်ဝါဒီတွေ ကြီးစိုးထားတဲ့ လွှတ်တော်ကို ဖျက်သိမ်းပစ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အကြောင်း အရင် မူဘာရက် အစိုးရ လက်ထက်ကတည်း ဒီ တရားသူကြီး ရာထူးကို ယူခဲ့ကြတဲ့ လက်ရှိ တရား သူကြီးတွေက ပြောပါတယ်။

အခုလို လွှတ်တော်ကို ဖျက်သိမ်းလိုက်တာဟာ လက်ရှိ စစ်အုပ်ချုပ်ရေးကောင်စီ အနေနဲ့ တနည်းအားဖြင့် အာဏာ ပြန်သိမ်းလိုက်တာပဲ ဖြစ်တယ်လို့ တချို့ အစ္စလာမ်ဝါဒီတွေ စွပ်စွဲ ပြောဆိုနေကြပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်ပြီး ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ကိုယ်စားလှယ်လောင်း Ahmed Shafiq က ကြာသပတေးနေ့က ကိုင်ရိုမြို့မှာ ပြောခဲ့ပါတယ်။ သူ့ရဲ့ အဓိက ပြိုင်ဖက် မူဆလင် ညီအကိုတော်များ အဖွဲ့ကတော့ အီဂျစ်နိုင်ငံအနေနဲ့ မူဘာရက်ရဲ့ နောက်ဆုံးနေ့တွေထက် ပိုပြီး ခက်ခဲ့တဲ့ ကာလကို ဖြတ်သန်းနေရတယ်လို့ ပြောပါတယ်။

This item is part of
XS
SM
MD
LG