အီဂျစ်နိုင်ငံ သမ္မတလောင်းရွေးချယ်ပွဲမှာ ရှုံးနိမ့်ဖို့ အလားအလာ ရှိနေတဲ့ ကိုယ်စားလှယ်လောင်းတွေကို စနေနေ့မှာ ကျင်းပမဲ့အမျိုးသားစေ့စပ် ညှိနှိုင်း ဆွေးနွေးပွဲကို တက်ရောက် ဆွေးနွေးပြီး သူတို့ ထောက်ခံအားပေးတဲ့ ကိုယ်စားလှယ်လောင်း Mohammed Morsi ကို ထောက်ခံနိုင်ဖို့ မူဆလင်ညီအကို တော်များအဖွဲ့က ဖိတ်ခေါ်လိုက်ပါတယ်။
တရားဝင်မဟုတ်သေးပေမဲ့ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့ ရွေးကောက်ပွဲ ရလာဒ်တွေအရ Mohammed Morsi ဟာရှေ့ဆုံးက ပြေးနေပြီး သူရဲ့ ပြိုင်ဖက်က Ahmed Shafiq ဖြစ်ပါတယ်။ သောကြာနေ့က အစ္စလာမ်မစ် ပြောခွင့်ရသူက ကိုယ်စားလှယ်လောင်း ၁၀ ယောက်ကို စေ့စပ် ဆွေးနွေးပွဲကို ဖိတ်ကြားရင်းနဲ့ သူ့အဆို နိုင်ငံအတွက် တော်လှန်ရေးကို ကယ်တင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒီအတောအတွင်း စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ အရင်အစိုးရအဖွဲ့ ကို ပြန်သွားတော့မှာ မဟုတ်ဘူးလို Ahmed Shafiq က ပြောဆိုပါတယ်။
သမ္မတ မူဘာရက် လက်ထက်က သူဟာ နောက်ဆုံး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတ မူဘာရက်ဟာ မနှစ်က ဒီမိုကရေစီရေး တောင်းဆို လှုပ်ရှားမှုတွေမှာ အာဏာ လက်လွှတ်ခဲ့ရသူ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ မတူတဲ့လမ်းကြောင်းတွေ ရှိတဲ့အတွက် အီဂျစ်ပြည်သူတွေ ပြတ်ပြတ်သားသား ရွေးချယ်နိုင်ကြလိမ့်မယ်လို့ ဗွီအိုအေ သတင်းထောက် Elizabeth Arrot ကပြောပါတယ်။ နောက်ဆုံးရလာဒ်ကို အင်္ဂါနေ့မှာ ကျေညာလိမ့်မယ်လို့ မြှော်လင့်ရပါတယ်။
ဇွန်လ ၁၆ နဲ့ ၁၇ ရက်တွေမှာ နောက်ဆုံးရွေးချယ် ပွဲကျင်းပမှာ ဖြစ်ပါတယ်။ မဲဆွယ်ပွဲအတွင်း Morsi က ရဲရဲတောက် မိန့်ခွန်းပြောခဲ့ပြီး သူ့သမ္မတတာဝန်ဟာအစ္စလ ာမ်ပေါ်အခြေခံမှာ ဖြစ်ပေမဲ့ ဘာသာရေးအဓိက အုပ်ချုပ်ရေးတော့ ဖြစ်မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။ Morsi အနိုင်ရခဲ့ရင် အစ္စလာမ်မစ် ပါတီအတွက်
နိုင်ငံရေးအရအောင်မြင်မှု ရမယ်လို့ ယူဆကြပါတယ်။
သမ္မတ Mubarak လက်ထက်က လေတပ် ဦးစီးချုပ်တာဝန်ထမ်းခဲ့သူ Shafiq ကိုတော့ မငြိမ်သက်မှုတွေကို ထိမ်းသိမ်းနိုင်လိမ့်မယ် ဆိုတဲ့ မြှော်လင့်ချက်နဲ့ မူဘာရက်က ဝန်ကြီးချုပ်တာဝန် ပေးခဲ့တာလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ မဲဆန္ဒရှင်တချို့က သူ့ကို သမ္မတဟောင်း မူဘာရက်နဲ့ ပါတ်သက်သူအဖြစ် သံသယ ရှိကြပါတယ်။