သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ရွေးကောက်ပွဲ အစ္စလာမ်မစ်ပါတီများ အားကောင်း


အီဂျစ်ရွေးကောက်ပွဲ အစ္စလာမ်မစ်ပါတီများ အားကောင်း
အီဂျစ်ရွေးကောက်ပွဲ အစ္စလာမ်မစ်ပါတီများ အားကောင်း

ပြီးခဲ့တဲ့သီတင်းပတ် အီဂျစ်နိုင်ငံရဲ့ ပထမအကျော့ရွေးကောက်ပွဲ နောက်ဆုံးမဲစာရင်း ရေတွက်မှုတွေရဲ့ ရလာဒ်တွေအရ လာမယ့်အီဂျစ်လွှတ်တော်ထဲမှာ အစ္စလာမ်ဝါဒီတွေရဲ့ ပါတီတွေက လွှမ်းမိုးထားလိမ့်မယ်လို့ ညွှန်ပြနေပါတယ်။

မူစလင်ညီအကိုတော်များအဖွဲ့ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ လွတ်လပ်ခြင်းနဲ့တရားမျှတခြင်း (Freedom and Justice) FJP ပါတီက မဲအများဆုံးရရှိပြီးတော့ ပိုပြီးတော့မှ ရှေးရိုးကျတဲ့ ဆာလာဖစ်စ် အစ္စလာမ်ပါတီက ဒုတိယ မဲအများဆုံး ရရှိနေပါတယ်။

လာမယ့်သီတင်းပတ် ခြောက်ပတ်အတွင်းမှာ နောက်ထပ်နှစ်ကျော့ ရွေးကောက်ပွဲတွေကို ကျင်းပဦးမှာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သမ္မတဟောင်း ဟော်စနီ မူဘာရက် ပြုတ်ကျသွားပြီးကတည်းက ပထမဆုံးကျင်းပ တဲ့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အီဂျစ်သမိုင်းမှာ မှတ်တမ်းတင်ခံရ ပြီးတော့ မဲပေးခွင့်ရှိသူအားလုံးရဲ့ ၆၂% လာရောက် မဲပေးခဲ့ ကြတာကြောင့် အီဂျစ်မှာ မဲဆန္ဒရှင်အများဆုံး မဲလာပေးခဲ့ကြတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

တတိယမဲအများဆုံးရနေတဲ့ အလယ်အလတ်လမ်းစဉ် လစ်ဘရယ်ပါတီတွေ စုဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့ Egyptian Bloc က ဒုတိယဖြစ်နေတဲ့ Salafist al-Nour ပါတီရဲ့ နောက်ကနေ ကပ်လိုက်နေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈၊ ၂၉ ရွေးကောက်ပွဲတွေကို ခရိုင် ၂၇ ခုမှာ ပြုလုပ်ခဲ့ပြီးတော့ ဒီ ၂၇ ခရိုင် ရွေးကောက်ပွဲ တွေကနေ အမတ် ၄၉၈ နေရာရှိတဲ့ လွှတ်တော်ရဲ့ သုံးပုံတပုံ အမတ်နေရာတွေကို ရွေးချယ်တင်မြှောက်ကြမှာ ဖြစ်ပါတယ်။

အခုလို အောက်လွှတ်တော်ရွေးကောက်ပွဲတွေ နောက်နှစ်ကျော့ ကျင်းပပြီးသွားရင် အထက်လွှတ်တော် ရွေးကောက်ပွဲတွေကို အဆင့်သုံးဆင့်နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG