သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်နိုင်ငံတွင်း ရဟတ်ယာဉ်ပျက်ကျမှု ကန်တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး


ရဟတ်ယာဉ်ပျက်ကျရာ အီဂျစ်နိုင်ငံ Sharm El-Sheikh Egypt ဒေသပြ မြေပုံ။
ရဟတ်ယာဉ်ပျက်ကျရာ အီဂျစ်နိုင်ငံ Sharm El-Sheikh Egypt ဒေသပြ မြေပုံ။

(Zawgyi / Unicode)

အီဂျစ်နိုင်ငံ Sinai ကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ် ဒီသီတင်းပတ်ထဲ ပျက်ကျခဲ့တဲ့အထဲ အမေရိကန်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပါတယ်။

ဒီတပ်ဖွဲ့ဝင်တွေက နှစ်ပေါင်း ၄၀ ကြာ အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး စောင့်ကြည့်ပေးနေတဲ့ နိုင်ငံတကာတပ်ဖွဲ့ MFO အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

သူတို့ ပုံမှန်စစ်ဆင်ရေးအတွက် လိုက်ပါလာတဲ့ Black Hawk ရဟတ်ယာဉ် ကြာသပတေးနေ့က Sharm el-Sheikh ဒေသအနီးမှာ ပျက်ကျခဲ့တာပါ။ Sharm el-Sheikh ဒေသက ပင်လယ်နီထဲက လူသိများတဲ့ အပန်းဖြေစခန်းတခုလည်း ဖြစ်ပါတယ်။

အခု ရဟတ်ယာဉ်ပျက်ကျ သေဆုံးခဲ့တဲ့အထဲမှာ ပြင်သစ်လူမျိုးတပ်ဖွဲ့ဝင် တဦးနဲ့ ချက်လူမျိုး အရာရှိတဦးလည်း သေဆုံးခဲ့ပြီး နောက်ထပ် အမေရိကန်တဦး ဒဏ်ရာရခဲ့ပါတယ်။ ရဟတ်ယာဉ် ပျက်ကျခဲ့ရတဲ့အပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲပဲလို့ စစ်တပ်ကပြောပါတယ်။

အခုလို ရဟတ်ယာဉ် ပျက်ကျရတာနဲ့ ပတ်သက်လို့ တိုက်ခိုက်ခံရတဲ့ လက္ခဏာ တစုံတရာ မတွေ့ရဘဲ မတော်တဆပျက်ကျတာ ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ စောင့်ကြည့်တပ်ဖွဲ့ MFO က ပြောပါတယ်။

ဒီ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံပေါင်း ၁၃ နိုင်ငံက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင် ဆောင်ရွက်နေတာဖြစ်ပြီး ဒီအထဲ အမေရိကန်တပ်ဖွဲ့ဝင် အများဆုံး ပါဝင်တာပါ။ ဒီတပ်ဖွဲ့ဝင်တွေက နယ်စပ်တလျှောက် စောင့်ကြည့်စစ်ဆေးနေသလို Tiran ရေလက်ကြားမှာ လွတ်လပ်တဲ့ ရေကြောင်းသွားလာခွင့်အတွက် တာဝန်ယူပေးနေတာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံတွင်း ရဟတ်ယာဉ်ပျက်ကျမှု ကန်တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG