သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် စစ်ကောင်စီဥက္ကဋ္ဌ နှုတ်ထွက်ဖို့ ဆန္ဒပြသမားတွေ တောင်းဆို

Field Marshal Mohamed Hussein Tantawi. (AP)
Field Marshal Mohamed Hussein Tantawi. (AP)

အီဂျစ်နိုင်ငံမှာ စစ်အစိုးရဖက်က ဆန္ဒပြမှုတွေ လျော့သွားစေဖို့ လိုက်လျောမှု တချို့ လုပ်ခဲ့ပေမယ့် ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်တွေအကြား ၅ ရက်မြောက်နေ့ အဖြစ် အပြန်အလှန် တိုက်ခိုက်မှု ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။

တက်ကြွလှုပ်ရှားသူတွေက ပြီးခဲ့တဲ့အပတ်က စခဲ့တဲ့ ထောင် သောင်းချီတဲ့ ဆန္ဒပြပွဲတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် လူပေါင်း အနဲဆုံး ၃၅ ဦးအထိ သေဆုံးခဲ့ရပြီး ဒီအထဲမှာ ဒီကနေ့ ထပ်သေခဲ့ရတဲ့ တဦးလည်း ပါတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး နာဗီ ပီလေး (Navi Pillay) ကတော့ အခုလို ဆန္ဒပြသူတွေကို အလွန်အကျွံ အင်အားသုံး နှိမ်နှင်းတာ သိသာနေတာမို့ ဒါတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ အီဂျစ် အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ သူမက အေးအေးချမ်းချမ်း ဆန္ဒပြနေကြတဲ့ သူတွေကို ရက်ရက်စက်စက် ရိုက်ပစ်တဲ့ ပုံရိပ်တွေ တွေ့ခဲ့ရတယ်လို့ ပြင်းပြင်းထန်ထန် သုံးနှုန်းပြီး ဝေဖန် ပြောဆိုလိုက်ပါတယ်။

မနေ့ အင်္ဂါနေ့တုန်းကတော့ ဒီလက်နက်ကိုင် တပ်များရဲ့ အမြင့်ဆုံး စစ်ကောင်စီ အကြီးအကဲ မိုဟာမက် ဟူစိန် တန်တာဝီ (Mohamed Hussein Tantawi) က ရှေ့နှစ် ဇူလိုင်မှာ ရွေးကောက်ပွဲ ကျင်းပပေးတာ အပါအဝင် အရပ်သား အစိုးရ အသွင်ကူးပြောင်းရေးကို ပိုပြီး မြန်မြန်လုပ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

သူကပဲ ဒီစစ်အုပ်ချုပ်ရေး ဒီထက်ပိုပြီး အမြန်အဆုံးသတ်ဖို့ လိုမလိုကိုတော့ လူထုဆန္ဒခံယူပွဲ လုပ်ပြီး ဆုံးဖြတ်ဖို့လိုမယ်လို့ ပြောပါတယ်။

This item is part of
XS
SM
MD
LG