သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား အေဂျင်စီ အကြီးအကဲဟောင်း အီဂျစ်ပြန် ဆန္ဒပြမည်


နျူကလီးယား အေဂျင်စီ အကြီးအကဲဟောင်း အီဂျစ်ပြန် ဆန္ဒပြမည်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲကြီးတခု အကြီးအကျယ် ပြုလုပ်ဖို့ စီစဉ်နေချိန်မှာ ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေးသမား တယောက် အီဂျစ်ကို ပြန်လာဖို့ ရှိနေပါတယ်။

နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်နေတဲ့ သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) အစိုးရကို ဆန့်ကျင် ဆန္ဒပြပွဲမှာ ပါဝင်ဖို့အတွက် ကုလသမဂ္ဂ အဏုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲဟောင်းလည်း ဖြစ်သူ ပြုပြင်ပြောင်းလဲရေးသမား မိုဟာမက် အယ်လ်ဘာရာဒေး (Mohamed ElBaradei) ဒီနေ့မှာ ပြန်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကိုင်ရိုမြို့တော်မှာ သောကြာနေ့ကျရင် အကြီးအကျယ် ဆန္ဒပြပွဲကြီးကို ပြုလုပ်ကြဖို့အတွက် လှုပ်ရှားသူတွေက လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွေပေါ်ကနေ ဆော်သြနေကြပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကတော့ ဆန္ဒပြကြသူ ထောင်ပေါင်းများစွာနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒမပြရဘူးလို့ အစိုးရက တားမြစ်ထားတာကို အာခံပြီး ဒုတိယအနေ့အဖြစ် ဆန္ဒပြကြသူတွေကို ရဲတွေက လက်ကိုင်တုတ်တွေ၊ ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီးတော့ လူစုခွဲခဲ့ပါတယ်။

၂ ရက်ဆန္ဒပြမှုအတွင်း အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။ ကိုင်ရိုမြို့တော် အရှေ့ဘက် ဆူးဇ်မြို့ (Suez) မှာလည်း ဗုဒ္ဓဟူးနေ့ ညပိုင်းက ဆန္ဒပြသူတွေဟာ အစိုးရ အဆောက်အဦးတွေကို မီးရှို့ခဲ့ကြပါတယ်။ နိုင်ငံတ၀န်း မငြိမ်မသက်မှုတွေကြောင့် ၇၀၀ ထက် မနည်းကို ဖမ်းဆီးခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

အခု အီဂျစ်နိုင်ငံက ဆန္ဒပြပွဲတွေဟာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး လူထုအုံကြွ ဆန္ဒပြမှုတွေအဖြစ် မြင်နိုင်ပါတယ်။

XS
SM
MD
LG