သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတဟောင်း မူဘာရက် ထောင်ဒဏ် တသက်တကျွန်း

အီဂျစ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ လူထု အုံကြွမှုတွေအတွင်း အစိုးရဆန့်ကျင်သူ ရာနဲ့ချီကို သတ်ဖြတ်ခဲ့မှုနဲ့ သမ္မတဟောင်း Hosni Mubarak ကို ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။ အဂတိလိုက်စားမှုနဲ့ စွဲခံထားရတဲ့ အမှုတွေကိုတော့ တရားသေ လွှတ်ပေးလိုက်ပါတယ်။ ဒီနေ့ စနေနေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် Mr. Mubarak ကို Tora အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဟောင်း Habib al Adly ကိုလည်း သတ်ဖြတ်မှုတွေနဲ့ ထောင်ဒဏ်တသက် ချလိုက်ပေမဲ့ ရဲမှူးကြီး ၆ ယောက်ကိုတော့ တရားသေလွှတ်လိုက်ပါတယ်။ ဒီကနေ့ စနေနေ့ တရားရုံး ဆုံးဖြတ်ချက်ချခဲ့တာမှာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ တရားစွဲခံရတဲ့ သမ္မတဟောင်းရဲ့ သား ၂ ယောက် ဖြစ်တဲ့ Alaa နဲ့ Gamal တို့ကိုလည်း တရားသေလွှတ်လိုက်ပါတယ်။

တရားရုံး ဆုံးဖြတ်ချက် ချခဲ့ပြီးနောက်မှာ ကိုင်ရိုမြို့ထဲမှာ လူတွေ စတင်စုဝေးနေကြပြီး အများစုဟာ အမျက်ဒေါသ ထွက်နေကြပုံရပါတယ်။ နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်းအပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဟာ သက်ညှာတယ်လို့ အများစုက ပြောကြပါတယ်။ အာရပ်နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ လူထုအုံကြွ လှုပ်ရှားမှုတွေကြောင့် ရာထူးကနေ ဆင်းပေးခဲ့ရတဲ့အထဲက အီဂျစ်သမ္မတဟောင်း မူဘာရက်ဟာ နိုင်ငံထဲမှာပဲ တရားစီရင်ခံရတဲ့ ပထမဆုံးခေါင်းဆောင် ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG