သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဖွဲ့စည်းပုံမူကြမ်း ခုံအဖွဲ့ အတည်ပြု


အီဂျစ်မှာအုပ်ချုပ်ဖို့ ဥပဒေသစ်မူကြမ်းရေးဆွဲခဲ့ကြတဲ့ ခုံအဖွဲ့။ (ဒီဇင်ဘာ ၁၊ ၂၀၁၃)
အီဂျစ်မှာအုပ်ချုပ်ဖို့ ဥပဒေသစ်မူကြမ်းရေးဆွဲခဲ့ကြတဲ့ ခုံအဖွဲ့။ (ဒီဇင်ဘာ ၁၊ ၂၀၁၃)
လူပေါင်း ၅၀ ပါဝင်တဲ့ ခုံအဖွဲ့က မူကြမ်းရေးဆွဲထားတဲ့ အီဂျစ်ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုလိုက်ပြီး ရှေ့လာမယ့်လကျရင် မဲဆန္ဒရှင်တွေကို ချပြမှာဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ရေးစီကို ပြန်သွားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေခံဥပဒေမူကြမ်းဟာ မိုဟာမက်မော်စီ အစိုးရရဲ့ အစ္စလာမ်မစ် အယူဘက်ကိုယိမ်းတဲ့ အခြေခံဥပဒေနဲ့ အစားထိုးမှာဖြစ်ပါတယ်။

အခုလိုအတည်ပြုပြီးနောက်တနေ့ တနင်္လာနေ့မှာ ကိုင်ရိုမြို့တော် တီဟီရာ ရင်ပြင်မှာ ဆန္ဒပြကြတဲ့ သမ္မတဟောင်း မိုဟာမက်မော်စီအပေါ် ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုအပေါ် ဆန္ဒပြသူတွေ အံ့အားသင့်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က ဒါဇင်နဲ့ချီတဲ့ မျက်ရည်ယိုဗုံးတွေကို ဆန္ဒပြလူအုပ်အတွင်း ပစ်သွင်းနေ ချိန်မှာပဲ ချက်ချင်းဆိုသလို လက်နက်တွေ တပ်ဆင်ထားတဲ့ ရဲနဲ့ စစ်တပ်က မော်တော်ယာဉ်တွေ အခင်းဖြစ်တဲ့နေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။

မစ္စတာ မော်စီအပေါ် ထောက်ခံသူတွေက သူ့ကို ရာထူးပြန်လည် အပ်နှင်းပေးဖို့အတွက် နေ့စဉ်ရက်ဆက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG