သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်းဆိုမှုလိုက်လျောရန် အီဂျစ်ဝန်ကြီးချုပ်သစ် ကတိပြု

ွှTahrir ရင်ပြင်က ဆန္ဒပြပြည်သူတွေကို မိန့်ခွန်းပြောနေသည့် အီဂျစ်ဝန်ကြီးချုပ်သစ် Essam Sharaf (မတ်လ ၄၊ ၂၀၁၁)
ွှTahrir ရင်ပြင်က ဆန္ဒပြပြည်သူတွေကို မိန့်ခွန်းပြောနေသည့် အီဂျစ်ဝန်ကြီးချုပ်သစ် Essam Sharaf (မတ်လ ၄၊ ၂၀၁၁)

မနေ့က ကြာသပတေးနေ့က အီဂျစ်နိုင်ငံမှာ ကြားဖြတ်အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ အက်ဆမ်ရှရက်ဖ် (Essam Sharaf) ဟာ ဒီကနေ့ ကိုင်ရိုမြို့တော်က ဘာသာရေးဝတ်ပြုပွဲတွေအပြီး Tahrir လွတ်လပ်ရေးရင်ပြင်မှာလုပ်တဲ့ လူထုအစည်းအဝေးကိုလာပြီး ဆန္ဒပြလူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဟောင်းဖြစ်ခဲ့ပြီး လူထုရဲ့ထောက်ခံမှုကို ရရှိပုံရတဲ့ ဝန်ကြီးချုပ် ရှရက်ဖ်က အီဂျစ်လူထုရဲ့ တောင်းဆိုမှုတွေအားလုံး ရစေဖို့ သူကြိုးစားပြီးအလုပ်လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ အီဂျစ်နိုင်ငံကို ကာကွယ်ရေးတပ်ဖွဲ့တွေက လူထုရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့နိုင်ငံအဖြစ် သူ မြင်တွေ့လိုတယ် လို့လည်း ပြောကြားသွားပါတယ်။

သူ့ရဲ့မိန့်ခွန်းအဆုံးမှာ အီဂျစ်ဆန္ဒပြလူထုရဲ့ ကြွေးကြော်သံဖြစ်တဲ့ အီဂျစ်လူမျိုးဖြစ်တဲ့အတွက် ခေါင်းကို မော့ထားကြပါလို့ ဝန်ကြီးချုပ် ရှရက်ဖ်က ကြွေးကြော်သွားပါတယ်။

This item is part of
XS
SM
MD
LG