သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ရွေးကောက်ပွဲသပိတ်မှောက်ဖို့ ထိပ်တန်းအတိုက်အခံ တိုက်တွန်း


အီဂျစ်အတိုက်အခံ ခေါင်းဆောင်တဦး Mohamed El-Baradei။
အီဂျစ်အတိုက်အခံ ခေါင်းဆောင်တဦး Mohamed El-Baradei။
အီဂျစ်နိုင်ငံမှာ မကြာခင် ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲကို ဆန္ဒပြကြဖို့ အတိုက်အခံ ခေါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။ ဒီသီတင်းပတ်အစောပိုင်းမှာ သမ္မတ မိုဟာမက်မော်စီ (Mohamed Morsi) ကြေညာသွားတဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဘူးလို့ မစ္စတာ မိုဟာမက် အယ်လ်ဘာရာဒေး (Mohamed ElBaradei) က စနေနေ့က ပြောသွားတာပါ။ ပထမတုန်းကတော့ သမ္မတ မော်စီ က ဧပြီလ ၂၇ ရက်နေ့မှာ စပြီး မဲပေးကြဖို့ ပြောခဲ့ပေမဲ့ လူနည်းစုဖြစ်တဲ့ Coptic ခရိယာန်ဘာသာဝင်တွေက သူတို့ရဲ့ ဘာသာရေးဆိုင်ရာ အားလပ်ရက်နဲ့ တိုက်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြပါတယ်။

ဒါ့ကြောင့် သမ္မတ မော်စီက စနေနေ့ကပဲ ရွေးကောက်ပွဲရက်အသစ် ကြေညာလိုက်တာပါ။ ဧပြီလ ၂၂ ရက်နေ့မှာ ရွေးကောက်ပွဲတွေ စတင်မှာ ဖြစ်ပြီး ဇွန်လကုန်မှာ အပြီးသတ်မှာပါ။ လွှတ်တော်အသစ် ဖွဲ့စည်းပြီး ပထမဆုံး အစည်းအဝေးကို ဇူလိုင်လ ၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ကုလသမဂ္ဂ အနုမြူစွမ်းအင် အေဂျင်စီ IAEA ရဲ့ အကြီးအကဲဟောင်း မစ္စတာ အယ်လ်ဘာရာဒေး ကတော့ ဒီရွေးကောက်ပွဲဟာ လှည့်ဖြားမှုတရပ်ပဲဖြစ်တယ်လို့ ပြောပါတယ်။

အီဂျစ်နိုင်ငံမှာက သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosni Mubarak) ပြုတ်ကျပြီးကတည်းက အစ္စလာမ်ဝါဒီတွေပဲ အနိုင်ရနေတာ ဖြစ်ပါတယ်။ မစ္စတာ အယ်လ်ဘာရာဒေးရဲ့ National Salvation Front အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ထဲက အဖွဲ့ဝင် အတော်များများဟာ ဒီသပိတ်မှောက်ဖို့ ကိစ္စကို သဘောကျနေကြပေမဲ့ တကယ် သပိတ်မှောက်ဖို့ ပူးပေါင်း မပေါင်းဆိုတာကတော့ မဆုံးဖြတ်ရသေးပါဘူး။
XS
SM
MD
LG