သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ရွေးကောက်ပွဲရလဒ် ကြေညာမည်


အီဂျစ်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပပြီးစီးခဲ့တဲ့ တကျော့ပြန် သမ္မတရွေးကောက်ပွဲရဲ့ ရလဒ်တွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာမှာ ဖြစ်တာကြောင့် တင်းမာမှုတွေ ကြီးထွားနေပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အတွင်းရေးမှူးချုပ် ဟာတမ် ဘာဂါတို (Hatem Bagato) က မနေ့က ပြောကြားရာမှာ ကော်မရှင်ရဲ့ ခေါင်းဆောင်ဖြစ်သူ ဖါရောက် စူလတန် (Faruk Sultan) ကိုယ်တိုင် ဒီကနေ့ တနင်္ဂနွေနေ့ အီဂျစ်စံတော် ချိန် နေ့လည် ၃ နာရီမှာ ကြေညာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အငြင်းပွားစရာ ဖြစ်နေရတဲ့ ဒီ သမ္မတရွေးကောက်ပွဲမှာ နောက်ဆုံး နှစ်ဦးတည်း တကျော့ပြန် ယှဉ်ပြိုင်ခဲ့ကြတဲ့ မူစလင်ညီအစ်ကိုတော်များ (Muslim Brotherhhod) ပါတီက သမ္မတလောင်း မိုဟာမက် မော်စီ (Mohammad Morsi) ကော၊ ဝန်ကြီးချုပ် ဟောင်း အာမက်ရှာဖစ် (Ahmed Shafiq)က ရော၊ သူတို့နိုင်တယ်လို့ အသီးသီးကြေညာထားကြတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ပြီးခဲ့တဲ့ ဇွန် (၂၁) ရက်နေ့က ထုတ်ပြန်ဖို့ ရှိပေမဲ့လည်း၊ ရွေးကောက်ပွဲကော်မရှင်က ဆိုင်းငံ့ခဲ့တာကြောင့် အီဂျစ်လူထုကြားမှာ တင်းမာမှုတွေ ဖြစ်နေတာပါ။

ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲ မသမာမှု တိုင်တန်းတာတွေ (၄၀၀) လောက် ရှိနေတာကြောင့်၊ ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ဖို့ နှောင့်နှေးနေရတာလို့ ဆိုပါတယ်။ မနေ့က စနေနေ့မှာတော့ ကိုင်ရိုမြို့လယ်ခေါင်က လွတ်မြောက်ရေး တဟီရာ ရင်ပြင် (Tahrir Square) မှာ မူစလင်ညီအစ်ကိုတော်များ ပါတီက သမ္မတလောင်း မိုဟာမက် မော်စီကို ထောက်ခံကြသူတွေ ရာပေါင်းများစွာ စုဝေးနေခဲ့ကြပါတယ်။

XS
SM
MD
LG