သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်လူထုဆန္ဒခံယူပွဲ ထိပ်တန်းတရားသူကြီးတွေ သပိတ်မှောက်မည်


အီဂျစ် တရားရုံးချုပ်ရှေ့မှာ သမ္မတ မော်စီကို ထောက်ခံသူများ စုဝေးနေကြစဉ်။ (ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၂)။
အီဂျစ် တရားရုံးချုပ်ရှေ့မှာ သမ္မတ မော်စီကို ထောက်ခံသူများ စုဝေးနေကြစဉ်။ (ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၂)။
အီဂျစ်နိုင်ငံမှာ အခြေခံဥပဒေသစ်တရပ် အသက်သွင်းနိုင်ဖို့ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အခါမှာ ခါတိုင်း ဦးဆောင် ကြီးကြပ်နေတဲ့ အီဂျစ်ရဲ့ သြဇာလွှမ်းမိုးမှု အရှိဆုံး တရားသူကြီးတွေ အဖွဲ့က သပိတ်မှောက်မယ်လို့ ဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့က အစိုးရပိုင်သတင်း မီနာ ရဲ့ ကြေညာချက်အရ အီရန်ထိပ်တန်း တရားသူကြီး အဖွဲ့က ဆန္ဒခံယူပွဲကို သပိတ်မှောက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ပြီးပြီလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

အရင်လက အီဂျစ်သမ္မတ မိုဟာမတ် မော်စီရဲ့ နိုင်ငံရဲ့ အကြွင်းမဲ့အာဏာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ချိန်ကစလို့ အီဂျစ်နိုင်ငံရဲ့ ထိပ်တန်း တရားသူကြီးအများစုက သပိတ်မှောက်ခဲ့ကြပါတယ်။ တနင်္ဂနွေနေ့ကတော့ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံး တရားသူကြီးတွေ စုရုံးပြီးတော့ သူတို့အဆို စိတ်ပိုင်း ရုပ်ပိုင်းအရ ဖိအားပေးမှု ခံရတဲ့ တရားရေးတာဝန်တွေကို ရပ်ဆိုင်းထားလိုက်တယ်လို့ ပြောကြား လိုက်ပါတယ်။

တရားရုံးအပြင်ဘက်မှာ သမ္မတကို ထောက်ခံတဲ့ ရာနဲ့ချီတဲ့ လူအုပ်ကြီး စုရုံးနေတဲ့ အတွက်ကြောင့်မို့ တနင်္ဂနွေနေ့က အခြေခံဥပဒေဆိုင်ရာ ဗဟို တရားရုံးထဲကို သူတို့ ဝင်ရောက်ဖို့အတွက် စိုးရိမ်တယ်လို့ တရားသူကြီးတွေက ပြောဆိုကြပါတယ်။ သူတို့အနေနဲ့ အခြေခံ ဥပဒေသစ် ရေးဆွဲရေးအဖွဲ့နဲ့ အထက်လွှတ်တော် အပါအဝင် အစ္စလာမ်ဝါဒီတွေ လွှမ်းမိုးထားတဲ့ အဖွဲ့နှစ်ခုကို ဖျက်သိမ်းနိုင်ဖို့အတွက် မူလတုန်းက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အခြေခံဥပဒေသစ် ရေးဆွဲရေးဆိုင်ရာ အစည်းအဝေးရဲ့တရားဝင်မှုကို စစ်ဆေးဖို့ လိုတယ်လို့လည်း တရားရုံးချုပ်က ပြောဆိုပါတယ်။ သဘောထား ပျော့ပြောင်းတဲ့ ခရစ်ယာန် အဖွဲ့ဝင်တွေ ၃၀ လောက်ကတော့ အခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့သဘောမတူဘူးလို့ မကြာခင်တုန်းက ပြောဆိုခဲ့ပါတယ်။

အီဂျစ်သမ္မတ မိုဟာမက် မော်စီက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အခြေခံဥပဒေသစ်ကို အသက်သွင်းဖို့ အတွက် လူထု ဆန္ဒခံယူပွဲတရပ် ကျင်းပမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။
XS
SM
MD
LG