သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတရဲ့ တွေ့ဆုံရေးကမ်းလှမ်းချက် အတိုက်အခံတွေ ပယ်ချ


အီဂျစ်နိုင်ငံမှာ သီတင်း ၃ ပတ် ကြာမြင့်နေပြီဖြစ်တဲ့ နိုင်ငံရေးပြဿနာ အဖြေရှာရအောင် သမ္မတ မိုဟာမက်မော်စီက အတိုက်အခံတွေနဲ့ သူ့ရဲ့အဆိုအရ ကျယ်ပြန်တဲ့ တွေ့ဆုံဆွေးနွေးမှု စနေနေ့မှာ ပြုလုပ်ဖို့ ကမ်းလှမ်းထားတာကို အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေက ပယ်ချလိုက်ပါတယ်။

သမ္မတမော်စီအနေနဲ့ သူ့ကိုယ်သူ အပ်နှင်းထားတဲ့ အကြွင်းမဲ့အာဏာကို ရုပ်သိမ်းဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မဖျက်သိမ်းဘူးဆိုရင် သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စိတ်မဝင်စားဘူးလို့ အတိုက်အခံ ခေါင်းဆောင်တွေက ပြောဆိုပါတယ်။

အီဂျစ်စစ်တပ်ကတော့ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုတွေအပေါ် တွေ့ဆုံဆွေးနွေး အဖြေရှာတာကို ထောက်ခံတယ်လို့ ပြောလိုက်ပါတယ်။ တွေ့ဆုံဆွေးနွေး စကားပြောဆိုတာဟာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ စစ်တပ်ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
ပြည်ပရောက် အီဂျစ်နိုင်ငံသားတွေရဲ့ ကြိုတင် ဆန္ဒမဲပေးဖို့ စီစဉ်ထားတာကို သောကြာနေ့မှာ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ သမ္မတအနေနဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေး ညှှိနှိုင်းမှု ပြုလုပ်ဖို့ ဖြစ်နိုင်ကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူ တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၃ ပတ်အတွင်း သမ္မတမော်စီကို ထောက်ခံသူတွေနဲ့ သူ့အပေါ် ဆန့်ကျင်သူတွေ အကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ သမ္မတမော်စီက သူ့ကိုယ်သူ ပုံမှန်မဟုတ်တဲ့ အကြွင်းမဲ့ အာဏာ အပ်နှင်းခဲ့တာရယ်၊ အလောသုံးဆယ် ရေးဆွဲထားတဲ့ အခြေခံဥပဒေမူကြမ်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဆန္ဒခံယူပွဲ ကျင်းပမယ်ဆိုပြီး ကြေညာခဲ့တာတွေကြောင့် အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
XS
SM
MD
LG