သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အပေါ် ကန် မူဝါဒ သမ္မတ Trump ပြောင်း


အီဂျစ်သမ္မတ Abdel Fattah el-Sisi နှင့် အမေရိကန်သမ္မတ Donald Trump
အီဂျစ်သမ္မတ Abdel Fattah el-Sisi နှင့် အမေရိကန်သမ္မတ Donald Trump

အီဂျစ်သမ္မတ Abdel Fattah el-Sisi ကိုအမေရိကန်သမ္မတ Donald Trump ကအိမ်ဖြူတော်မှာ တနင်္လာနေ့က တေ့ွဆုံခဲ့ပြီး IS စစ်သွေးကြွတွေကို နှိမ်နှင်းရေးမှာ အီဂျစ်နဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ ကတိပြုခဲ့ပါတယ်။

အီဂျစ်နိုင်ငံနဲ့ အီဂျစ်ပြည်သူတွေနောက်မှာ အမေရိကန်ရှိပြီး ၂ နိုင်ငံ စစ်ဘက် ဆက်ဆံရေးကိုလည်း အမြင့်ဆုံးအဆင့်အထိ ပြန်လည်တိုးမြှင့်သွားမယ်လို့ သမ္မတ Trump ကပြောကြားခဲ့ပါတယ်။

အီဂျစ်သမ္မတ Sissi ကလည်း အစွန်းရောက်အစ္စလာမ် အကြမ်းဖက်သမားတွေကို တန်ပြန်တိုက်ခိုက်ရေးအပေါ် သမ္မတ Trump ရဲ့ခိုင်မာတဲ့ ရပ်တည်ချက်ကို အင်မတန် လေးစားတယ်လို့ ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ထိရောက်တဲ့ မဟာဗြူဟာချမှတ်နိုင်ရေးမှာ အမေရိကန်နဲ့ လက်တွဲလုပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အီဂျစ်သမ္မတတယောက်ကို အမေရိကန်သမ္မတတယောက်က အိမ်ဖြူတော်မှာ လက်ခံတေ့ွဆုံတာဟာ ၂၀၀၉ ခုနှစ်ထဲကဆိုရင် ပထမဆုံးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက သမ္မတဟောင်း Barack Obama ကအဲဒီအချိန်က အီဂျစ်သမ္မတ Hosni Mubarak ကိုတွေ့ဆုံခဲ့တာပါ။

လူထုအုံကြွမှုတွေကြောင့် Mr. Mubarak ရာထူးကနေဆင်းပေးခဲ့ရပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး Sisi ဦးဆောင်တဲ့ စစ်အစိုးရက ၂၀၁၃ ခုနှစ်အာဏာသိမ်းခဲ့ပါတယ်။ အဲဒီထဲက အမေရိကန်နဲ့ အီဂျစ်ဆက်ဆံရေး ပျက်ပြားခဲ့တာဖြစ်ပါတယ်။ သမ္မတ Trump အနေနဲ့ အီဂျစ်ခေါင်းဆောင်နဲ့ ဆက်ဆံရေး ချိန်ခွင်လျှာညှိရမယ့်ကိစ္စက နိုင်ငံခြားရေးမူဝါဒအတွက် အခက်အခဲတခုဖြစ်လိမ့်မယ်လို့ ဒေသတွင်းလေ့လာသူတွေကတော့ သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG