အီဂျစ် သမ္မတ မိုဟာမက်မော်စီဟာ နိုင်ငံရဲ့ အမြင့်ဆုံးတရားရေးရာကောင်စီနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း သမ္မတဟာ သူ့ကိုယ်သူ လုပ်ပိုင်ခွင့်အာဏာတွေ တိုးမြင့်ပေးအပ် ခဲ့ပြီးတဲ့နောက် တရားသူကြီးတွေက သမ္မတအနေနဲ့ လုပ်ပိုင်ခွင့်အာဏာအပေါ် ကန့်သတ်မှု ထားရှိဖို့ ပြောဆိုနေချိန်မှာ အခုလို နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တရားရေး အာဏာပိုင်အဖွဲ့ကို သမ္မတကတွေ့ဆုံမှာ ဖြစ်ပါတယ်။
သမ္မတမော်စီအနေနဲ့ လုပ်ပိုင်ခွင့် အာဏာ တိုးမြင့်လိုက်တာနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ အတိုက်အခံ နိုင်ငံရေး တက်ကြွလှုတ်ရှားသူတွေဟာ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ ကိုင်ရိုမြို့လည်ခေါင်မှာရှိတဲ့ တဟီရာ ရင်ပြင်မှာ ဆန္ဒပြနေကြတာ အခုဆို လေးရက် ဆက်တိုက် ရှိနေပါပြီ။ သမ္မတကို ဆန့်ကျင်သူတွေကော၊ ထောက်ခံသူတွေက အင်္ဂါနေ့မှာ အပြိုင်အဆိုင် လူစုလူဝေးနဲ့ ဆန္ဒထုတ်ဖေါ်ပြသကြဖို့ နှိုးဆော်နေပါတယ်။
အီဂျစ်သမ္မတ မိုဟာမက်မော်စီက သူရဲ့ဆုံးဖြတ်ချက်ကို ဘယ်တရားရုံး ဘယ်အာဏာပိုင် အဖွဲ့အစည်းကမှ ကန့်ကွက်လို့ မရဘူး ဆိုတာကို ကြေညာပြီးနောက် အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပွားလာခဲ့တာပါ။
မိုဟာမက်မော်စီဟာ သူ့အရင် သမ္မတဟောင်း ဟော်စနီမူဘာရက်လို အာဏာရှင်ပုံစံမျိုးချိုး လာတာဖြစ်ကြောင်း ပစ်တင် ဝေဖန်သူတွေ က ပြောဆိုကြပါတယ်။ ဟော်စနီမူဘာရက် ကို လူထုဆန္ဒပြပွဲတွေနဲ့ ဖြုတ်ချပစ်ခဲ့ပါတယ်။ သမ္မတမော်စီ ကတော့ အခုလို လုပ်တာဟာ အခိုက်တန့်သာဖြစ်ပြီး အရင်ကအခြေခံဥပဒေအတိုင်း ပါလီမန်အသစ် ရွေးချယ်တင်မြောက်ပြီးချိန်အထိ ကျင့်သုံးသွားမှာ ဖြစ်ကြောင်း ပြောဆိုနေပါတယ်။