သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အစိုးရပိုင် ကုမ္ပဏီတချို့ ပုဂ္ဂလိကလုပ်ကိုင်ခွင့် ပေးတော့မည်


အီဂျစ်နိုင်ငံမြေပုံ။
အီဂျစ်နိုင်ငံမြေပုံ။

(Zawgyi / Unicode)

အီဂျစ်နိုင်ငံမှာ စီးပွားရေးအကျပ်အတည်းတွေ ကြုံနေရပြီး ငွေကြေးဖောင်းပွမှု ၁၅ ရာခိုင်နှုန်း တက်လာချိန်မှာ အစိုးရပိုင် ကုမ္ပဏီတချို့ကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပေးမယ့် အစီအစဉ်တရပ်ကို အီဂျစ်ဝန်ကြီးချုပ် Mostafa Madbouli က တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

အစိုးရကုမ္ပဏီတွေက ပုဂ္ဂလိက ရင်းနှှီးမြှုပ်နှံသူတွေကို အဝင်မခံဘူးဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ နှစ်နဲ့ချီရှိလာချိန်မှာ အစိုးရစီးပွားရေးလုပ်ငန်း တဝက်ကျော်ထိ ပုဂ္ဂလိက ကုမ္ပဏီတွေကို ရှယ်ယာဝင် လုပ်ကိုင်ခွင့်ပေးမယ့် အစီအစဉ်တရပ်ကို အစိုးရက ကြေညာလိုက်တာပါ။

ဒီနှစ်နှောင်းပိုင်း အစိုးရပိုင်ကုမ္ပဏီ ၁၀ ခုနဲ့ စစ်တပ်ပိုင်ကုမ္ပဏီ ၂ ခုရဲ့ ရှယ်ယာတွေ ရောင်းချမယ့် အစီအစဉ်ကို ဝန်ကြီးချုပ် Madbouli က ချပြလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြီးဆုံး ဆိပ်ကမ်း ၇ ခုနဲ့ အီဂျစ်ထိပ်တန်းဟိုတယ်တွေကို ပေါင်းစပ်မယ့် ကုမ္ပဏီသစ် ၂ ခုကို ဖွဲ့မယ်လို့လည်း ကြေညာပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကိုလည်း စတော့ရှယ်ယာဈေးကွက် တင်မယ်လို့ ဝန်ကြီးချုပ် Madbouli က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

လက်ရှိ ပုဂ္ဂလိကပိုင်းက ရင်းနှီးမြှုပ်နှံမှုတွေ ၃၀ ရာခိုင်နှုန်းရှိရာက ၂၀၂၅ ခုနှစ်အရောက်မှာ ၆၅ ရာခိုင်နှုန်းထိ တိုးလာဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

သမ္မတ Abdel Fattah al-Sisi ကလည်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို နှစ်ဆ အားပေးထောက်ခံမယ့် အစီအစဉ်တခုကို ပြီးခဲ့တဲ့လက ကြေညာပါတယ်။

သမ္မတရဲ့ အစီအစဉ်ကလည်း လာမယ့် ၄ နှစ်ကျော်ကာလအတွင်း ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ နှစ်စဉ် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀ ဘီလီယံထိ တိုးလာအောင် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)









XS
SM
MD
LG