သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်စစ်တပ် ကတိတည်ရေး လူထုဆန္ဒပြ


A swan swims on a pond at the Palace park in Moers, western Germany.
A swan swims on a pond at the Palace park in Moers, western Germany.

အီဂျစ်စစ်တပ်အနေနဲ့ ကတိပေးထားတဲ့အတိုင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ထောင်နဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေဟာ ကိုင်ရိုမြို့က Tahrir လွတ်မြောက်ရေးရင်ပြင်မှာ သောကြာနေ့က စုရုံးတောင်းဆိုကြပါတယ်။

ရာထူးကဖြုတ်ချခံရတဲ့ သမ္မတ မူဘာရက်ကို သစ္စာခံသူတွေပါတဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို ဖယ်ရှားပြီး သူတို့နေရာမှာ ဘက်လိုက်မှုကင်းတဲ့ မျက်နှာသစ်တွေ အစားထိုးဖို့ ယာယီအနေနဲ့ အစိုးရကိုဦးဆောင်နေတဲ့ စစ်တပ်ကို ဆန္ဒပြပြည်သူတွေက တောင်းဆိုခဲ့တာပါ။

ယေမင်နိုင်ငံမှာလည်း မြို့တော် ဆာနာမှာ ပြည်သူထောင်ပေါင်းများစွာ စုဝေးပြီး သောကြာနေ့ဝတ်ပြုပွဲအပြီး စုဝေးချီတက်ဆန္ဒပြကြဖို့ လှုံ့ဆော်ထားပါတယ်။ အစိုးရဆန့်ကျင်သူ ဆန္ဒပြ ပြည်သူတွေဟာ ဆာနာတက္ကသိုလ်ရဲ့ ရင်ပြင်နားမှာစုဝေးပြီးတော့ အရင်ရက်ပေါင်းများစွာက တောင်းဆိုခဲ့တဲ့အတိုင်းပဲ သမ္မတ အက်ဘ်ဒူလာဆာလဲ (Abdullah Saleh) ရာထူးကထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အစိုးရထောက်ခံသူတွေကလည်း သောကြာနေ့မှာ တန်ပြန်ဆန္ဒပြကြဖို့ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။

XS
SM
MD
LG