ဒီကနေ့မနက်ပိုင်း ကိုရိုမြို့တော်မှာ ဆန္ဒပြသူတွေကို စစ်ရဲတွေက ရိုက်နှက်ခဲ့တဲ့အတွက် အီဂျစ်နိုင်ငံကို ယာယီ အုပ်ချုပ်နေတဲ့စစ်ကောင်စီ ခေါင်းဆောင်က ဒီအဖြစ်အပျက်အတွက် တောင်းပန်ပါကြောင်း၊ ရည်ရွယ်ချက်နဲ့ အကြမ်းဖက်ခဲ့ရတာ မဟုတ်ပါကြောင်းတို့ကို ကြေညာချက်ထုတ်ပြန်ပြီးတော့ ဒါမျိုး နောက်ထပ် မဖြစ်စေရဘူး လို့လည်း အာမခံပြောကြားလိုက်ပါတယ်။
ကြားဖြတ်စစ်ကောင်စီအနေနဲ့ ပေးထားတဲ့ကတိတွေအတိုင်း အပြောင်းအလဲတွေ အမြန်ဆုံးလုပ်ပေးဖို့ ဆန္ဒပြသူ တွေက မနေ့ကညက တညလုံး တဟာရီရင်ပြင်မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် ညမထွက်ရအချိန်စတင်တဲ့အချိန်မှာ ဆန္ဒပြသူတွေ ထွက်ခွာ သွားအောင် စစ်ရဲတပ်ဖွဲ့တွေက သန်းခေါင်ကျော် ဒီကနေ့မနက်ပိုင်းမှာ ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။