သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်နိုင်ငံမှာ ၆ ရက်မြောက်နေ့ အဖြစ် ဆက်လက် ဆန္ဒပြ


အီဂျစ်နိုင်ငံမှာ ၆ ရက်မြောက်နေ့ အဖြစ် ဆက်လက် ဆန္ဒပြ
အီဂျစ်နိုင်ငံမှာ ၆ ရက်မြောက်နေ့ အဖြစ် ဆက်လက် ဆန္ဒပြ

သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) ရဲ့ နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်တဲ့ သောင်းချီတဲ့ လူထုကြီးရဲ့ ဆန္ဒပြပွဲတွေ ၆ ရက်မြောက်နေ့အဖြစ် ကိုင်ရိုမြို့နဲ့ အလက်ဇန္ဒရားမြို့တွေက လမ်းတွေပေါ်မှာ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်နေပါတယ်။

တိုက်လေယာဉ်တွေက ကောင်းကင်မှာ ပျံဝဲနေတဲ့ အချိန်မှာ လူထုကြီးက ကိုင်ရို Tahrir ရင်ပြင်မှာ အကြမ်းဖက် ဆန္ဒပြပွဲတွေ ဖြစ်ကတည်းက သေဆုံးသွားကြသူတွေအတွက် ဆုတောင်းပွဲ တရပ်ကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြတာပါ။ ဆုတောင်းပွဲအပြီးမှာ ဆန္ဒပြသူတွေက ဆင်းပေး၊ ဆင်းပေးလို့ အာရပ်လို ကြွေးကြော်ခဲ့ကြပါတယ်။

လမ်းတွေပေါ်မှာ စစ်တပ် အကြီးအကျယ် ချထားပါတယ်။ အကြမ်းဖက်တာတွေ ဖြစ်ခဲ့တာကြောင့် အင်္ဂါနေ့ကတည်းကဆိုရင် လူ ၁၀၀ ကျော် သေဆုံးခဲ့ကြရပြီး ခန့်မှန်း လူ ၁,၀၀၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။

အပိတ်ပင်ခံထားရတဲ့ Muslim Brotherhood နိုင်ငံရေးပါတီက အဖွဲ့ဝင် အနည်းဆုံး ၃၄ ယောက်ဟာ ဆန္ဒပြသူတွေက ထောင်တွေကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် တနင်္ဂနွေနေ့က ထောင်ထဲက ထွက်လာခဲ့ကြပါတယ်။

ပါတီ ပြောရေးဆိုခွင့်ရှိသူက ဒီသတင်းကို တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အင်္ဂါနေ့ကတည်းက ဖြစ်ခဲ့တဲ့ ကိုင်ရို၊ အလက်ဇန္ဒရားနဲ့ တခြား အီဂျစ်မြို့တွေမှာ အကြမ်းဖက် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကာလအတောအတွင်း အကျဉ်းသား ထောင်ပေါင်းများစွာ လွတ်လာခဲ့တဲ့အထဲမှာ မူဆလင် ညီအကိုတော်များ အဖွဲ့က အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG