သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြပွဲ လူ ၁၅ ဦးထက်မနည်းသေဆုံး


အီဂျစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက ၂၀၁၁ ခုနှစ်က လူထုအုံကြွမှုမှာ အကြမ်းဖက်ဖြိုခွဲခံရမှု အထိမ်းအမှတ်ပွဲမှာ ကြွေးကြော်အော်ဟစ်နေကြစဉ်။ (ဇန်နဝါရီ ၂၅၊ ၂၀၁၅)
အီဂျစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက ၂၀၁၁ ခုနှစ်က လူထုအုံကြွမှုမှာ အကြမ်းဖက်ဖြိုခွဲခံရမှု အထိမ်းအမှတ်ပွဲမှာ ကြွေးကြော်အော်ဟစ်နေကြစဉ်။ (ဇန်နဝါရီ ၂၅၊ ၂၀၁၅)

အီဂျစ်နိုင်ငံမှာ သမ္မတ Hosni Mubarak ပြုတ်ကျသွားစေခဲ့ပြီး လူတွေသေဆုံးခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့ ၂၀၁၁ ခုနှစ် လူထုအုံကြွမှု နှစ်ပတ်လည်အထိမ်းမှတ် အခမ်းအနား တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ရာမှာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၅ ယောက် သေဆုံးသွားခဲ့ပါတယ်။

ကိုင်ရိုမြို့နဲ့ တခြား မြို့ကြီး ၂ မြို့တို့မှာ ကျင်းပတဲ့ အခမ်းနားတွေမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား တိုက်ခိုက်ခဲ့ကြရာမှာ လူတွေ ဒါဇင်နဲ့ချီပြီးတော့ ဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။ အများဆုံးထိခိုက်မှုဖြစ်ပွားခဲ့တာကတော့ ကိုင်ရိုမြို့က Matariya အရပ်မှာဖြစ်ပြီး အဲဒီအရပ်ဟာ မတရားအသင်း အဖြစ် သတ်မှတ်ထားတဲ့ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ Muslim Brotherhood ရဲ့ အမာခံနယ်မြေ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေဟာ စနေနေ့ကတည်းက စဖြစ်နေခဲ့တာပါ။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ကျဆုံးခဲ့တဲ့ သူတွေကို Tahrir ရင်ပြင်မှာ ဂုဏ်ပြုဖို့ သွားရောက်သူတွေကို ရဲကစတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ မနှစ်တုံးကလည်း နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ ပြုလုပ်စဉ်မှာ လူတွေသေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG